Myanmar National Post

ICJ တရားရုံး၏ မှန်ကန်မှုမရှိသော ဆုံးဖြတ်ချက်များအား ပြင်းထန်ပြတ်သားစွာ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်



 

ICJ တရားရုံး၏ မှန်ကန်မှုမရှိသော ဆုံးဖြတ်ချက်များအား ပြင်းထန်ပြတ်သားစွာ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်


ရက်စွဲ ။   ။ ၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်

စာအမှတ် ။   ။ ၁/နပတ/၂၀၂၆

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးလိမ်များကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဟု တရားစွဲဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ICJ တရားရုံးက ၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ရာ မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း၊ လျော်ကြေးပေးရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ၎င်းတို့ ဖော်ပြသည့် လူမျိုးမရှိကြောင်း နိုင်ငံတော်အစိုးရအဆက်ဆက်က ကမ္ဘာသိအောင် ပြောခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ICJ တရားရုံးက လူမျိုးလိမ်အမည်ဖြင့် တရားစွဲဆိုခြင်းကို လက်ခံခဲ့ပြီး ဆုံးဖြတ်ချက် ချမှတ်ရာတွင်လည်း လူမျိုးလိမ်အမည်ကိုသာ ဖော်ပြသွားခဲ့သည်။ ICJ တရားရုံး တရားသူများသည် အမှန်တရားကို ဖော်ထုတ်ခြင်းမရှိ ဘင်္ဂါလီများကို ဘင်္ဂါလီများဟု သုံးနှုန်းပြောဆိုခြင်းမရှိဘဲ လုပ်ကြံဖန်တီးထားသည့် လူမျိုးအမည်တစ်ခုကို အသိအမှတ်ပြု၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းသည် မှန်ကန်သော လုပ်ရပ်မဟုတ်ပါ။

ICJ တရားရုံး၏ ဆုံးဖြတ်ချက်တွင် ၎င်းတို့ဖော်ပြသည့် လူမျိုးကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရမည်ဟု ပါရှိသည်ကို တွေ့ရသည်။ ဘင်္ဂါလီများသည် မြန်မာနိုင်ငံအတွင်း ခိုးဝင်သည်သာမက အိန္ဒိယ၊ မလေးရှားနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများအထိပါ ပျံ့နှံ့ရောက်ရှိနေပြီး ထိုသူများ၏ မူရင်းနိုင်ငံကို ဖျောက်ဖျက်၍ မြန်မာနိုင်ငံအတွင်း ဇွတ်သွပ်သွင်းနိုင်ရန် ဖန်တီးထားသည့် လူမျိုးလိမ်နာမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ထိုလူမျိုးကို ဘင်္ဂါလီဟုသာ သမိုင်းမှတ်တမ်းများအရ အသိအမှတ်ပြုထားပြီး ဂမ်ဘီယာ က ဖော်ပြသည့် လူမျိုးအမည် မရှိခြင်းကြောင့် အဆိုပါ လူမျိုးများကို ပြန်လည်လက်ခံရန်၊ လျော်ကြေးပေးရန် ဆိုသော ICJ တရားသူကြီးများ၏ ဆုံးဖြတ်ချက်များမှာ အမှန်တရားနှင့် ကင်းကွာနေပါသည်။

ဂမ်ဘီယာနိုင်ငံက မရှိသည့်လူမျိုးကို အရှိလုပ်၍ တရားစွဲဆိုပြီး ICJ တရားရုံးမှ တရားသူကြီးများက လူမျိုးလိမ်အမည်ကို အသိအမှတ်ပြုပေးခဲ့ခြင်းကြောင့် ဘင်္ဂါလီများထဲမှ လူမျိုးလိမ်အမည် အသုံးပြုလိုသူများကို ဂမ်ဘီယာနိုင်ငံက လက်ခံရမည်ဖြစ်ပါသည်။

ICJ တရားသူကြီးများအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးတပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် ဟိန္ဒူဘာသာဝင် အမြောက်အများကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်များကို မျက်ကွယ်ပြုထားသည်။ တိုင်းပြည်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်နှိမ်နင်းရေးကို မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်ပါသည်။

ARSA အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းနိုင်ခြင်းမရှိခဲ့ပါမူ ရခိုင်ပြည်နယ်တွင်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူ ထောင်ပေါင်းများစွာမှာ အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သေဆုံးကြရမည်ဖြစ်ပါသည်။

ICJ တရားရုံးမှ တရားသူကြီးများသည် တိုင်းပြည်တစ်ခု၏ အချုပ်အခြာအာဏာကို အလေးမထား၊ ဘင်္ဂါလီများ၏ အကြမ်းဖက်လုပ်ရပ်များကို မျက်ကွယ်ပြု၊ မြန်မာနိုင်ငံက အသိအမှတ်ပြုထားခြင်း မရှိသော လူမျိုးအမည်ကို အသုံးပြု၍ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်း ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြတ်သားစွာ တုန့်ပြန်ရန်နှင့် ICJ တရားရုံး၏ ဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း မပြုရန် တိုက်တွန်းသည်။

၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ ICJ တရားရုံးမှ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များမှာ အမှန်တရားနှင့် ကင်းကွာ၍ လူမျိုးလိမ်အမည်ကို အသိအမှတ်ပြုသည့် ဆုံးဖြတ်မျိုး ဖြစ်သောကြောင့် နေပြည်တော်အမျိုးသားရေးအဖွဲ့မှ ပြင်းထန်ပြတ်သားစွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။


နေပြည်တော်အမျိုးသားရေးအဖွဲ့


#Myanmar #News 

မူရင်းသတင်း — Myanmar National Post