
ပုလဲ (NP News) - နိုဝင်ဘာ ၂၀
သတင်းဌာနများ အချက်အလက်မှန်မှန်ကန်ကန်ဖြင့်ထောက်ပြပါက အပြည့်အဝလိုက်နာမည်ဟု နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက The Statesman သို့ပြောသည်။
သတင်းမီဒီယာများ၏ ဝေဖန်ထောက်ပြမှုအပေါ် မည်သူ့အတိုင်းအတာထိ လက်ခံပေးမည်နှင့်ပတ်သက်၍ မေးမြန်းမှု အပေါ် အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
"Case by Case ပါပဲရှင်။ ပြောတာကဘယ်လောက်အထိ ထိရောက်မှုရှိလဲ။ မှန်ကန်မှုရှိလဲ။ အခြေအမြစ်မရှိတဲ့စကားတွေပေါ်မှာ မူတည်ပြီးတော့မှ မေးလာထောက်ပြရင်တော့ လက်ခံမှာ မဟုတ်ပါဘူး။ တကယ့်ကို အခြေအမြစ်ရှိတယ်။ ကိန်းဂဏန်းအချက်အလက်ပေါ်မှာ မူတည်တယ်။ မှန်မှန်ကန်ကန်ထောက်ပြတယ်ဆိုရင် ကျွန်မတို့က အပြည့်အဝ လိုက်နာပါမယ်။ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ပါမယ်" ဟုပြောသည်။
ထို့အတူ စုံစမ်းစစ်ဆေးရန် လိုအပ်သည်များကိုလည်း စုံစမ်းပေးမည်ဖြစ်ကြောင်း ထည့်သွင်း ဖြေကြားထားသည်
"စစ်ဆေးဖို့လိုအပ်တဲ့ကိစ္စတွေဆိုရင်လည်း စစ်ဆေးပါမယ်။ မေးမြန်းပါမယ်။ စုံစမ်းပါမယ်ရှင့်" ဟု ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။