Yo Yar Lay

လေလံပွဲ စံချိန်တင်ဈေးနှုန်း ဒေါ်လာ သန်း ၁၉၀ ကျော်နဲ့ လေလံအောင်ခဲ့တဲ့ ဗင်းဆင့်ဗန်ဂိုးရဲ့ ပန်းချီကား

ဗင်းဆင့်ဗန်ဂိုးရဲ့ ဒီပန်းချီကားတွေကတော့ လေလံပွဲ စံချိန်တင်ဈေးနှုန်းအဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်နဲ့ လေလံအောင်ခဲ့ပါတယ်။

စိတ်ကျန်းမာရေးဆေးရုံကနေ ဆင်းလာပြီးနောက် သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းခဲ့တဲ့ ပြင်သစ်နိုင်ငံ၊ Auvers-sur-Oise ရွာလေးမှာ ဖူးပွင့်နေတဲ့ သစ်အယ်ပင်တွေကို ဗင်းဆင့်ဗန်ဂိုးက ပုံဖော်ရေးဆွဲထားတာပါ။ “Châtaigniers en fleurs” (ပွင့်ဝေနေသော သစ်အယ်ပင်များ) လို့ အမည်ပေးထားတဲ့ ဒီပန်းချီကားဟာ လူမြင်ကွင်းကနေ ကွယ်ပျောက်နေခဲ့တာ နှစ် ၅၀ လောက် ရှိပါပြီ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက နယူးယောက်မြို့မှာ ပြုလုပ်တဲ့ Sotheby’s လေလံပွဲမှာတော့ ဒီပန်းချီကားဟာ ဒေါ်လာ သန်း ၁၉၀ ကျော်နဲ့ ရောင်းထွက်သွားခဲ့ပြီး ဗန်ဂိုးရဲ့ လက်ရာတွေထဲမှာ လေလံဈေးအမြင့်ဆုံး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

နာဇီတွေရဲ့ ဖိနှိပ်မှုကြောင့် ဒီပန်းချီကားကို မလွှဲမရှောင်သာ ရောင်းချခဲ့ရတာလို့ ပန်းချီကား ပိုင်ရှင်ဟောင်းရဲ့ အမွေဆက်ခံသူတွေက လေလံမတင်ခင် ရက်ပိုင်းအလိုမှာ ထုတ်ပြောခဲ့တာကြောင့် လေလံပွဲ အစီအစဉ်တွေ ကသောင်းကနင်း ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ Sotheby’s က ပိုင်ရှင်ဟောင်းရဲ့ အမွေဆက်ခံသူတွေနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး လေလံပွဲမှာ ဒီပန်းချီကားကို လေလံတင်ခဲ့တာပါ။

Ref: Vincent van Gogh painting sells for $190 million, smashing auction record

NZ (ရိုးရာလေး)

မူရင်းသတင်း — Yo Yar Lay