၂၁.၁၁.၂၀၂၆
Written By Thandar
မဟာနဲ့ အောင်သီရိထုတ်လုပ်ရေးတို့ ပူပေါင်းတင်ဆက်မယ့် “ကောင်းကင်ကမ္ပည်း”ဇာတ်လမ်းတွဲမှာ ချစ်မိပြီဆိုရင် အဆင့်အတန်းနဲ့ အတားအဆီးတွေကို ဂရုမစိုက်ဘဲ အရာရာကို စွန့်လွှတ်ပေးဆပ်တဲ့ကောင်လေး ရလဒ်ကောင်းနေရာက ပါဝင်ထားပါတယ်လို့ သရုပ်ဆောင်ထက်အောင်ရှိုင်းက ဆိုပါတယ်။
“ကျွန်တော်က ဒီဇာတ်ကားမှာ ရလဒ်ကောင်းဆိုတဲ့ ကာရိုက်တာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ့်ကို အဒေါ်ဖြစ်သူ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာတဲ့သူတွေအတွက်ပေါ့။ ကိုယ့် လူတန်းစားအလွှာ အသီးသီး မတူညီကြတဲ့ ကွာခြားမှု၊ မိသားစုရန်ငြိုးတွေနဲ့ မာယာပရိယာယ်တွေကြား အားပြိုင်ကြမယ့်ဇာတ်ပါ။ ကျွန်တော်က ချစ်မိပြီဆိုရင် အဆင့်အတန်းနဲ့ အတားအဆီးတွေကို ဂရုမစိုက်ဘဲ အရာရာကို စွန့်လွှတ်ပေးဆပ်တဲ့ ရလဒ်ကောင်းဆိုတဲ့ ကောင်လေးနေရာက ပါဝင်ထားပါတယ်”လို့ သရုပ်ဆောင် ထက်အောင်ရှိုင်းက ပြောပါ တယ်။
အဆိုပါဇာတ်ကားကို ဝတ္ထု သျှင်မ (နန်းထိုက်ဗေဒါ)၊ ဇာတ်ညွှန်း ကကြိုးသျှင်၊ ဒါရိုက်တာ ကကြိုးသျှင်က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ထက်အောင်ရှိုင်း၊ တေဇလင်းရောင်၊ အကယ်ဒမီရဲအောင်၊ အကယ်ဒမီ ရတနာ ဗို၊ ပွင့်နဒီမောင်၊ ယွန်းဝင့်လွှာအောင် စတဲ့သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။
ကံကြမ္မာကို စိန်ခေါ်ရင်ဆိုင်ရမယ့် အချစ်စစ်ရဲ့ အားပြိုင်မှုဇာတ်လမ်းပုံစံ “ကောင်းကင်ကမ္ပည်း” ဇာတ်လမ်းတွဲကို လာမယ့် နိုဝင်ဘာ ၂၅ ရက်မှာ စတင်ပြီး Mahar Application, Mahar TV Channel က တနင်္လာနေ့ကနေ သောကြာနေ့အထိ ညနေ ၆ နာရီတိုင်းမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
#ထက်အောင်ရှိင်း #တေဇလင်းရောင် #ရတနာဗို #ရဲအောင် #ပွင့်နဒီမောင် #ယွန်းဝင့်လွှာအောင် #HtetAungShine #TayzaLinYaung #YadanarBo #YeAung #PwintNadiMaung #YoonWintHlwarAung #Mahar #MaharSeries #AungThiri #ကောင်းကင်ကမ္ပည်း #MTEntertainment


