
ကိုဖြိုး (NP News) - နိုဝင်ဘာ ၂၁
မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုဖြစ်စဥ်အတွင်း၊ နေအိမ်အဆောက်အဦပြိုကျပျက်စီးမှုကြောင့် လမ်းဘေးနေနေရသူများအနေနှင့်၊ လတ်တလောကြုံတွေ့နေရသည့်ရာသီဥတုဖောက်ပြန်မှုဒဏ်ကြောင့် ဒုက္ခထပ် တွေ့နေကြောင်း ငလျင်ဘေးသင့်ပြည်သူများအရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
အပူချိန်မြင့်တက်မှုဒဏ်၊ အအေးဒဏ်နှင့် ရေကြီးရေလျှံမှုဒဏ်တို့ကို တစ်လှည့်စီခံစားနေရခြင်း၏ နောက် ဆက်တွဲဆိုးကျိုးအဖြစ် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာပြဿနာများနှင့် နေ့စဥ်ရင်ဆိုင်ကြုံတွေ့နေကြခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“ငလျင်လှုပ်တာ(၂)နှစ်ပြည့်တော့မယ်၊ အခုအထိအဲဒီလူတွေနေစရာမရှိလို့ လမ်းဘေးနေနေရတုန်းပဲ၊ အကူအညီလည်းမရဘူး၊ ပြန်ပြင်ဆောက်ခွင့်လည်းမပေးတော့ တအားကြီးဒုက္ခရောက်နေကြတယ်၊ ဒီကြားထဲ အယ်လ်နီညို ဒဏ်ခံရပြန်တယ်၊ မနက်ပိုင်းဆိုရင်တအားအေးပြီး၊ နေ့လယ်နေ့ခင်းပိုင်းတွေမှာပူပြင်းလွန်းတဲ့ဒဏ်ကြောင့် ဆိုးဆိုးရွားရွားကျန်းမာရေးထိခိုက်နေကြတယ်၊ ကလေးနဲ့သက်ကြီးရွယ်အိုတွေအခံရဆုံးပဲဗျ၊ နေစရာမရှိရတဲ့အထဲ အလုပ်အကိုင်အဆင်မပြေလို့ အငတ်ငတ်အပြတ်ပြတ်နေနေရတာတွေလည်းရှိတယ်၊ ဘာအကူအညီမှ မရှိဘူးခမျ၊ ဖြစ်ဖြစ်ချင်းတုန်းကလောက်ပဲ အစားအသောက်အဝတ်အထည်လာလှူတာမျိုးတွေရှိတာ၊ အခု နောက် ပိုင်း ဘာအကူအညီမှကိုမရှိတော့တာ” ဟု ငလျင်ကြောင့် နေအိမ်အဆောက်အဦပြိုကျပျက်စီးပြီး ယနေ့အထိပြန် လည် ပြင်ဆင်ဆောက်လုပ်ခွင့်မရသေးသည့် ချမ်းမြသာစည်မြို့နယ် ဧရာထွန်းတိုက်ခန်းများအရေးကူညီဆောင် ရွက်ပေးနေသူတစ်ဦးက ပြောသည်။
(၂၀၂၅) ခုနှစ် မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့်၊ ချမ်းမြသာစည်မြို့နယ်
သံလျက်မှော်တောင်ရပ်ကွက်ရှိ ဧရာထွန်းတိုက်ခန်းများအနက်၊ ဆိုးဆိုးရွားရွားပြိုကျပျက်စီးမှုဖြစ်ခဲ့သည့် အ ဆောက်အဦများ၊ ယနေ့အထိ ပြန်လည်ပြင်ဆင်ဆောက်လုပ်နေထိုင်ခွင့် မရရှိသေးကြောင်း၊ ငလျင်ဘေးသင့်ပြည်သူများအနက် ငွေကြေးအနည်းငယ်တတ်နိုင်သူများက တန်ဖိုးနည်းအိမ်ခန်းများ ငှားရမ်းနေထိုင်ကြပြီး၊ အများစုက လမ်းဘေးတွင် ယာယီတဲထိုးပြီးနေကြရကြောင်း သိရသည်။
၎င်းတို့အနေနှင့်၊ ငလျင်ကြီးလှုပ်ခတ်ခဲ့သည်မှာ (၂)နှစ်နီးပါးကြာခဲ့ပြီဖြစ်သော်လည်း၊ ယနေ့အထိ သက်ဆိုင်ရာမှ အထောက်အပံ့အနည်းအကျဥ်းမျှပင်မရရှိသေးကြောင်းလည်း သိရသည်။
