
သဘောတူညီချက်ရရှိရန် အမေရိကန်၏ သတ်မှတ်ချက်များကို အီရန်ကလက်ခံလိုသည့် ဆန္ဒမရှိဟု ထရမ့်ပြောကြား
အီရန်နိုင်ငံအနေဖြင့် အမေရိကန်နှင့်သဘောတူညီချက်ရရှိရန် စိတ်ဝင်စားမှုရှိသော်လည်း ဝါရှင်တန်ဘက်က လက်ခံနိုင်သည့် သတ်မှတ်ချက်များကိုမူ လက်ခံရန် ဆန္ဒမရှိသေးကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
“အီရန်ဘက်က သဘောတူညီချက်တစ်ခု ရယူချင်နေပေမဲ့လည်း ကျွန်တော်လက်ခံနိုင်တဲ့ သဘောတူညီချက်မျိုးကိုတော့ သူတို့ မလုပ်ချင်ကြပါဘူး” ဟု ထရမ့်က အိမ်ဖြူတော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ်များဖြစ်ကြသည့် စတိဗ် ဝစ်ကော့ဖ်နှင့် ဂျာရက် ကူရှ်နာတို့သည် ကာတာအဆင့်မြင့်အရာရှိများနှင့် ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုများအကြောင်း ဆွေးနွေးရန် နိုဝင်ဘာ ၁၉ ရက်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ တွေ့ဆုံခဲ့ကြကြောင်း အမေရိကန်အွန်လိုင်းသတင်းဌာန Axios က ဖော်ပြခဲ့သည်။

ဆော်ဒီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၁ ဦး သေဆုံးခဲ့ဟု ဟူသီမီဒီယာ သတင်းဖော်ပြ၊ ဆော်ဒီရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့ဟု ဟူသီအဖွဲ့ဆို
ယီမင်နိုင်ငံတစ်ဝန်း လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဆော်ဒီအာရေဗျနိုင်ငံ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေး ၁၁ ဦးနှင့် အမျိုးသမီး ခုနစ်ဦး အပါအဝင် အနည်းဆုံး လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း ဟူသီအဖွဲ့ ထိန်းချုပ်ထားသည့် al-Masirah TV က နိုဝင်ဘာ ၂၀ ရက်တွင် ဖော်ပြခဲ့သလို ဟူသီအဖွဲ့ကလည်း ဆော်ဒီအာရေဗျနိုင်ငံ အနောက်တောင်ပိုင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံနှင့် ဆိပ်ကမ်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ကလေး သုံးဦး အပါအဝင် လူ ၂၈ ဦး ထပ်မံဒဏ်ရာရရှိခဲ့ကြောင်း ဟူသီအဖွဲ့ ထိန်းချုပ်ထားသည့် မြို့တော် ဆန်နားရှိ ကျန်းမာရေးအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါ ရုပ်မြင်သံကြားဌာနက ဖော်ပြခဲ့ပြီး တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေရာများကိုမူ အသေးစိတ်ဖော်ပြခဲ့ခြင်း မရှိပေ။
ယင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ သေဆုံးဒဏ်ရာရရှိမှု ကိန်းဂဏန်းများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို ဆော်ဒီအာဏာပိုင်များဘက်မှလည်း ချက်ချင်းတုံ့ပြန်ပြောကြားမှု မရှိသေးပေ။

အီးယူနှင့် ဗြိတိန် စိုက်ပျိုးရေးနှင့် စားသောက်ကုန် ကုန်သွယ်ရေး၊ လူငယ်များ သွားလာနေထိုင်ရေးဆိုင်ရာ ဆွေးနွေးမှုများ အပြီးသတ်
ဥရောပသမဂ္ဂ (EU) နှင့် ဗြိတိန်နိုင်ငံတို့သည် စိုက်ပျိုးရေးနှင့် စားသောက်ကုန် ကုန်သွယ်ရေး လွယ်ကူချောမွေ့စေရေး၊ ကာဗွန်ဈေးကွက်များ ချိတ်ဆက်ရေးနှင့် လူငယ်များအနေဖြင့် နှစ်ဖက်ဒေသအတွင်း အပြန်အလှန် သွားလာနေထိုင်ခြင်း၊ အလုပ်လုပ်ခြင်း သို့မဟုတ် ပညာသင်ကြားခြင်းတို့ ပြုလုပ်နိုင်ရေး သဘောတူညီချက်များဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဗြိတိန်နှင့် အီးယူအကြား တိရစ္ဆာန်များ၊ အပင်များနှင့် ဆက်စပ်ထုတ်ကုန်အများစု တင်ပို့ရာ၌ လက်ရှိလိုအပ်နေသော ကျန်းမာရေးဆိုင်ရာ အသိအမှတ်ပြုထောက်ခံချက်များ သို့မဟုတ် စစ်ဆေးမှုများကို ဖယ်ရှားရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ သဘောတူညီချက်မှာ ၂၀၂၈ ခုနှစ် မတ်လ ၁ ရက်မှ စတင်အသက်ဝင်မည်ဖြစ်သည်။

SpaceX Dragon ကုန်တင်အာကာသယာဉ် နိုင်ငံတကာအာကာသစခန်းမှ ကမ္ဘာမြေသို့ ပြန်လည်ထွက်ခွာ
SpaceX ကုမ္ပဏီ၏ Dragon ကုန်တင်အာကာသယာဉ်သည် သိပ္ပံသုတေသန နမူနာများနှင့် အခြားကုန်ပစ္စည်းများ အလေးချိန် ပေါင်ထောင်နှင့်ချီ၍ တင်ဆောင်လျက် နိုဝင်ဘာ ၂၀ ရက်တွင် နိုင်ငံတကာအာကာသစခန်း (ISS) မှ ထွက်ခွာခဲ့ပြီး ကမ္ဘာမြေသို့ ခရီးစဉ် ပြန်လည်စတင်ခဲ့သည်။
လူလိုက်ပါခြင်းမရှိသော Dragon အာကာသယာဉ်သည် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် နေ့လယ် ၁၂:၀၅ နာရီတွင် နိုင်ငံတကာအာကာသစခန်းမှ ထွက်ခွာလာခဲ့ပြီး နိုဝင်ဘာ ၂၁ ရက် ပစိဖိတ်စံတော်ချိန် ညနေ ၄:၅၅ နာရီခန့်တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားကမ်းလွန် ပင်လယ်ပြင်အတွင်းသို့ ပြန်လည်ဆင်းသက်ရန် စီစဉ်ထားသည်။
Dragon အာကာသယာဉ်ကို အောက်တိုဘာ ၁၃ ရက်တွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ Cape Canaveral အာကာသတပ်ဖွဲ့စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အာကာသယာဉ်မှူးများအတွက် လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများနှင့် သိပ္ပံပညာရပ်စမ်းသပ်မှုဆိုင်ရာ ပစ္စည်းများ စုစုပေါင်း ပေါင် ၆,၃၀၀ ကျော် သယ်ဆောင်သွားခဲ့သည်။ အဆိုပါ အာကာသယာဉ်သည် အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံတကာအာကာသစခန်းသို့ ရောက်ရှိခဲ့သည်။ (Xinhua)
………..
(English Version)
Daily World Briefing, Nov. 21
Trump says Iran unwilling to accept U.S. terms for deal
U.S. President Donald Trump said Friday that Iran is interested in reaching an agreement with the United States but remains unwilling to accept terms Washington considers acceptable.
"Iran wants to make a deal, but they don't want to make a deal that's acceptable to me," Trump told reporters at a White House press conference.
Trump's special envoys Steve Witkoff and Jared Kushner met with senior Qatari officials in Berlin on Thursday to discuss mediation efforts, U.S. online news outlet Axios reported.
Houthi media says Saudi airstrikes kill 41 as Houthis claim strikes on Saudi power plant, port
At least 41 people, including 11 children and seven women, were killed in airstrikes attributed to Saudi Arabia across Yemen over the past 24 hours, Houthi-run al-Masirah TV reported Friday, as the Houthis claimed strikes on a power plant and port in southwestern Saudi Arabia.
Citing health authorities in the Houthi-controlled capital Sanaa, the broadcaster said 28 others, including three children, were injured in the attacks, without providing details on the locations.
The figures could not be independently verified, and there was no immediate comment from Saudi authorities.
EU, UK conclude talks on agri-food trade, youth mobility
The European Union (EU) and Britain announced Friday that they had concluded negotiations on agreements to ease agri-food trade, link their carbon markets and allow young people to live, work or study on either side.
In a joint statement issued after the summit, the two sides said they aimed to remove existing health certificates or checks for most shipments of animals, plants and related products between Britain and the EU, and the agreement would apply from March 1, 2028.
SpaceX Dragon cargo spacecraft heads back to Earth from ISS
The SpaceX Dragon cargo spacecraft departed the International Space Station (ISS) on Friday, beginning its return journey to Earth with thousands of pounds of scientific research samples and other cargo on board.
The uncrewed Dragon spacecraft undocked from the ISS at 12:05 p.m. Eastern Time and is scheduled to splash down off the coast of California at approximately 4:55 p.m. Pacific Time on Saturday.
The spacecraft was launched on Oct. 13 from Cape Canaveral Space Force Station in Florida, carrying more than 6,300 pounds of crew supplies and scientific experiments. It arrived at the ISS on Oct. 15.