
Pika (NP News) - နိုဝင်ဘာ ၂၁
ကမ္ဘာ့ထိပ်သီးအင်အားကြီးနိုင်ငံသုံးနိုင်ငံဖြစ်သော အမေရိကန်၊ ရုရှားနှင့်တရုတ်တို့၏သမ္မတများဖြစ်ကြသည့် ဒေါ်နယ်ထရမ့်၊ ပူတင်နှင့် ရှီကျင့်ဖျင်တို့သည် တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင် ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်သမိုင်း ဝင်တွေ့ဆုံမှုတစ်ခုကို လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ သမိုင်းဝင်တွေ့ဆုံမှုအတွင်း ဒေါ်နယ်ထရမ့်၊ ပူတင်နှင့် ရှီကျင့်ဖျင်တို့က လက်ရှိနိုင်ငံတကာ အခြေအနေ များနှင့်ပတ်သက်ပြီး သဘောထား အမြင်များကိုအသေးစိတ်ဖလှယ်ခဲ့ကြပြီး မဟာဗျူဟာ မြောက်တည်ငြိမ်မှုနှင့် နိုင်ငံတကာလုံခြုံရေးကို ထိန်းသိမ်းထားရန် ကတိပြုခဲ့ကြကြောင်း သိရသည်။
ယင်းတွေ့ဆုံမှုအပြီးတွင် ငြိမ်းချမ်းရေး ထုတ်ပြန်ချက်ဟုခေါင်းစဉ်တပ်ထားသော ထုတ်ပြန်ချက်တစ် စောင် လည်းထွက်ပေါ်လာခဲ့သည်။
ပထမဆုံးအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ် ကြသော အမေရိကန်၊ ရုရှားနှင့်တရုတ်တို့က ကုလသမဂ္ဂအနေဖြင့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်စေရန်၊ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံရည်မှန်းချက်များနှင့် ကိုက်ညီမှုရှိစေရန်အတွက် ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဟုကတိပြုခဲ့ကြသည်။ ဒုတိယအနေဖြင့် နိုင်ငံအားလုံး အကျိုးရှိစေရေးအတွက် ရေနံချက်လုပ်ငန်း ထွက်ပစ္စည်းများထုတ်လုပ်မှုနှင့် ထောက်ပံ့ဖြန့်ဖြူးမှု ကိုတိုးမြှင့်ရန် အမေရိ ကန်၊ ရုရှားနှင့်တရုတ်တို့ကစီစဉ်ထားသလို စွမ်းအင်စီးဆင်းမှုများတည်ငြိမ်မှု၏အရေး ပါမှုကို ၎င်းတို့အားလုံးက ထပ်လောင်း အတည်ပြုပြောကြားခဲ့ကြသည်။
တတိယအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏မူဝါဒနှင့် နိုင်ငံတော်အကြီးအကဲများ၏ကင်းလွတ်ခွင့်ကို လေးစားလိုက်နာ ခြင်းက အလွန်အရေးကြီးကြောင်း ဒေါ်နယ်ထရမ့်၊ ပူတင်နှင့် ရှီကျင့်ဖျင်တို့က အသိအမှတ်ပြုခဲ့ကြပြီး နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံး(ICC)နှင့် အလားတူအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏တရားစီရင်ပိုင်ခွင့်အာဏာကို အလွဲသုံးစား မပြုလုပ်သင့်ကြောင်း သဘောတူညီခဲ့ကြသည်။
စတုတ္ထမြောက်အနေဖြင့် နျူကလီးယား စစ်ပွဲတွင် အနိုင်ရရှိသူရှိမည်မဟုတ်သလို ယင်းကဲ့သို့ သောနျူကလီး ယားစစ်ပွဲမျိုးကိုလည်း မည်သည့်အ ချိန်တွင်မှမဆင်နွှဲသင့်ကြောင်း ခေါင်းဆောင်သုံးဦး စလုံးက အတည်ပြု ပြောကြားခဲ့ကာ နျူကလီးယားဆိုင် ရာအန္တရာယ်များလျှော့ချရေးနှင့် နျူကလီးယားလက် နက်များပြန့်ပွားမှုကို တားဆီး ရေးတို့နှင့်ပတ်သက်ပြီး သုံးနိုင်ငံစလုံးက ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်းလည်း သိရသည်။ သို့ သော်လည်း ဒေါ်နယ်ထရမ့်၊ ပူတင်နှင့်ရှီကျင့်ဖျင်တို့ ၏ သမိုင်းဝင်တွေ့ဆုံမှုအတွင်း ရုရှား-ယူကရိန်းစစ်ပွဲ၊ အီရန်-အမေရိကန်စစ်ပွဲကဲ့သို့သော ခေါင်းစဉ်များကို ဆွေးနွေးခဲ့သည်ဆိုသည့်အချက်များနှင့်ပတ်သက် သောထုတ်ပြန် ချက်များ မရှိသေးကြောင်းသိရသည်။
ထို့ပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံ(၃)နိုင်ငံ၏ ခေါင်းဆောင်များအနေဖြင့် အကျိုးရှိသောဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားရန်တာဝန်ရှိကြောင်း ဒေါ်နယ်ထရမ့်က အလေးပေးပြောကြားခဲ့သည်။ ဒေါ်နယ်ထရမ့်က “ယခင်က ခေါင်းဆောင်တွေဟာ ၎င်းတို့နဲ့ သဘောထားကွဲလွဲမှုတွေရှိနေတဲ့နိုင်ငံတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်တာမျိုးကို ရှောင်ရှားခဲ့ကြပေမယ့် ကျွန်တော်တို့ကတော့ အဲဒါနဲ့ ပတ်သက်ပြီး ဆန့်ကျင်ဘက် သဘော ထားရှိပါတယ်”ဟုပြောဆိုခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများတွင် နျူကလီးယားလက်နက်များ ပျံ့နှံ့လာမည့်ခြိမ်း ခြောက်မှုကိုတိုက်ဖျက်ရန်အတွက် အင်အားကြီးနိုင်ငံများအကြားပူးပေါင်းဆောင်ရွက်မှုက အလွန်အရေး ကြီးကြောင်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပြီး အီရန်ကို နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ပေးသွားမည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။
အဆိုပါ သမိုင်းဝင်တွေ့ဆုံမှုအတွင်း ဒေါ်နယ်ထရမ့်က ပူတင်ကို သူငယ်ချင်းအဖြစ် ဖော်ပြပြောဆိုခဲ့ပြီး ရှီကျင့်ဖျင်ကလည်း ဒေါ်နယ်ထရမ့်ကိုပွေ့ဖက်ရင်း နွေးနွေးထွေးထွေးကြိုဆိုခဲ့ကာ ယင်းတွေ့ဆုံမှု ကို သံတမန်ရေးရာ အောင်မြင်မှုတစ်ခုအဖြစ် ဖော်ပြပြောဆိုမှုများလည်းရှိနေသည်။