NP News

တရုတ်မှအပြန် Air Force One လေယာဉ်ပေါ်မှ သတင်းထောက်များ၏ ဖုန်းများကို အမေရိကန်အစိုးရ သိမ်းဆည်းခဲ့

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၁

တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင်ကျင်းပခဲ့သည့် သမိုင်းဝင် သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေးအပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ Air Force One လေယာဉ်တရုတ်လေပိုင်နက်မှ စတင်ထွက်ခွာချိန်တွင် လေယာဉ်ပေါ် လိုက်ပါလာသော သတင်းထောက်များ၏ မိုဘိုင်းဖုန်းများကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ယာယီသိမ်းဆည်းခဲ့ ကြောင်း သိရသည်။
နိုဝင်ဘာလ (၁၉) ရက် ညနေ (၆) နာရီ (၄၅) မိနစ်ခန့်တွင် ရှန်ကျန်းပေါင်အန်း အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေယာဉ်မထွက်ခွာမီ အိမ်ဖြူတော် တာဝန်ရှိသူများက သတင်းထောက်အဖွဲ့ (White House press pool) ကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဖုန်းများအပ်နှံရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ဆိုက်ဘာလုံခြုံရေးကာကွယ်မှု တရုတ်နိုင်ငံ အတွင်း အသုံးပြုခဲ့သောဖုန်းများမှတစ်ဆင့် အချက်အလက် ခိုးယူစောင့်ကြည့်ခံရခြင်းနှင့် သူလျှိုဆော့ဖ်ဝဲ Spy­ware များပါဝင်လာခြင်းမှကာကွယ်ရန် အချက်ပြ လှိုင်းဖြတ်တောက်သည့်သတ္တုအိတ်များအတွင်း ထည့်သွင်းသိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
အိမ်ဖြူတော် ဝန်ထမ်းများအသုံးပြုခဲ့သည့် ယာယီဖုန်းများကိုမူ ဖျက်ဆီးရန် သို့မဟုတ် အချက်အလက်ရှင်းလင်း ရန် သိမ်းဆည်းခဲ့သည်။ သမ္မတထရမ့်က အထူးသတိထား လုပ်ဆောင်လိုခြင်းကြောင့်သာ ဖုန်းမကိုင်ဆောင်သင့်သည့် အချိန်တွင် မကိုင်ဆောင်စေရန် စီစဉ်ခဲ့ခြင်းဖြစ် ကြောင်းပြောကြားခဲ့သည်။ လုပ်ကြံ ခြိမ်းခြောက်မှုထင်ကြေးများနှင့် ပြည်ပအေးဂျင့်များ၏ လုပ်ကြံသတ် ဖြတ်မည့်ခြိမ်းခြောက်မှုများကြောင့် ဖုန်းသိမ်းဆည်း ခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အိမ်ဖြူတော်ဘက်ကမူ တစ်စုံတစ်ရာ တရားဝင်မှတ် ချက်ပေး ခြင်းမရှိသေးကြောင်းသိရသည်။
ပုံမှန်အားဖြင့် အမေရိကန်သမ္မတသည် အီရတ်နှင့်အာဖဂန်နစ္စတန်ကဲ့သို့သော စစ်ဇုန်များသို့ သွားရောက်ချိန် မှသာ သတင်းထောက်များ၏ဖုန်းများကို သိမ်းဆည်းလေ့ရှိသည်။ ယခုနှစ် မေလအတွင်းက ပေကျင်းမြို့မှ ပြန်လည် ထွက်ခွာစဉ်ကပင် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းမရှိသေးကြောင်း သိရသည်။

မူရင်းသတင်း — NP News