CarsDB

နှစ်ဝက် အစမ်းစာမေးပွဲမှာ အမှတ်ကောင်းကောင်းရတဲ့ သားဖြစ်သူကို ဖခင်က ရူပီး ၂ ကုဋေကျော် တန်ကြေးရှိတဲ့ BMW တစ်စင်း ဆုချ

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ အရှေ့ဘာ့ဒ်ဝမ်ခရိုင်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် သားဖြစ်သူ ၉ တန်းကျောင်းသားအား ရူပီး ၂ ဒသမ ၃ ကုဋေခန့် တန်ကြေးရှိ luxury BMW M4 Competition ကား ဆုချခဲ့သည့်ဖြစ်ရပ်မှာ သတင်းမီဒီယာတို့တွင် ကျော်ကြားနေသည်။

(မှတ်ချက်။ ရူပီး ၂ ဒသမ ၃ ကုဋေမှာ USD အနေဖြင့်ဆိုလျှင် ဒေါ်လာ ၂၅၀,၀၀၀ မှ ၂၇၅,၀၀၀ ကြား ရှိနိုင်သည်။)

သားဖြစ်သူ နှစ်ဝက် အစမ်းစာမေးပွဲ အမှတ်ကောင်းသောကြောင့် ဖခင်က သား၏ ကာလကြာရှည်မက်ခဲ့သော အိပ်မက်ကို အကောင်အထည်ဖော်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုစီးပွားရေးလုပ်ငန်းရှင်၏ အမည်မှာ “ရှမ်ဆုဒင်း မိဒယာ” ဖြစ်ပြီး အနောက်ဘင်္ဂလားပြည်နယ်၊ အရှေ့ဘာ့ဒ်ဝမ်ခရိုင်၊ ပါရက် ကျေးရွာတွင် နေထိုင်သူဖြစ်သည်။

သတင်းများတွင် ဖော်ပြချက်အရ ရှမ်ဆုဒင်းသည် သားဖြစ်သူ ကာလကြာရှည် လိုချင်နေခဲ့သော BMW M4 Competition ကားကို ဝယ်ရန် မွန်ဘိုင်းမြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ထိုကားအတွက် ရူပီး ၂ ဒသမ ၃၀ ကုဋေခန့် ပေးခဲ့ရသည်ဟု ဆိုသည်။

((ဖခင်တွင်လည်း တန်ဖိုးကြီးကားများ ပိုင်ဆိုင်ထား))

ရှမ်ဆုဒင်းသည် luxury ကားများကို အထူးစိတ်ဝင်စားသူဖြစ်သည်။ လက်ရှိ ဝယ်ယူထားသည့် ကားများတွင် Range Rover၊ Volvo၊ Mahindra Thar နှင့် Hyundai Alcazar အစရှိသည့် brand များ ပါဝင်သည်။

((ထူးခြားသော ကားနံပါတ်များ))

ရှမ်ဆုဒင်းသည် ကားနံပါတ်နှင့် ပတ်သက်၍လည်း ထူးခြားသည့်အကြိုက်တစ်မျိုး ရှိနေသည်။

၎င်း ပိုင်ဆိုင်ထားသည့် ကားများစွာ၏ နောက်ဆုံး ဂဏန်းသုံးလုံးမှာ 555 ဖြစ်သည်။

Soueast S09 2025

2,590 သိန်း

Toyota Vitz 2006

810 သိန်း

Jetour X70 2020

1,680 သိန်း

Soueast DX3 2020

1,580 သိန်း

Suzuki Carry 2007

556 သိန်း

GAC GN8 2020

3,200 သိန်း

Suzuki Ertiga 2017

1,380 သိန်း

Toyota Mark X 2006

1,350 သိန်း

Honda Fit GE6 2009

Call for Price

Toyota Alphard 2008

3,200 သိန်း

ထို ကားနံပါတ်ပုံစံမှာ ဘောလိဝုဒ်ကြယ်ပွင့် ရှာရွတ်ခန်း၏ ကားနံပါတ်များနှင့်လည်း ဆင်တူနေသည်။

Luxury ကားဝါသနာပါသူ ရှမ်ဆုဒင်းသည် ဆင်းရဲနွမ်းပါးသူများ၊ အကူအညီလိုအပ်နေသူများကို ရက်ရက်ရောရာ ကူညီလေ့ရှိပြီး အများအားဖြင့် မည်သူလှူဒါန်းခြင်းဖြစ်ကြောင်း အမည်မဖော်ဘဲ ကူညီခဲ့ခြင်း ဖြစ်သည်။

((ဖခင်ပေးတဲ့ လက်ဆောင်အပေါ် သားက ဘာပြောလဲ))

တန်ဖိုးကြီးကား လက်ဆောင်ရသော်လည်း သားဖြစ်သူကမူ လက်ရှိတွင် ကျောင်းစာကိုသာ အာရုံစိုက်လိုကြောင်း ပြောသည်။
ထိုသို့ဆိုသဖြင့် BMW ကို မစီးဟု မဆိုလိုချေ။

သတင်းများအရ သားဖြစ်သူ တာလ်ဟာသည် ထို BMW ကားဖြင့် တပတ် တကြိမ် အလည်အပတ်ထွက်ရန် စီစဉ်ထားသည်။ ဖခင်က ကားမောင်းမည်ဖြစ်ပြီး ၎င်းက ဘေးခုံတွင် ထိုင်စီးမည်ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Forget chocolates and bicycles! Bengal father gifts son a Rs 2.3 crore BMW for good marks (indiatvnews)

မူရင်းသတင်း — CarsDB