
ကိုင်ရို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၂၀ ရက်သည် ကမ္ဘာ့ကလေးများနေ့ ဖြစ်သည်။ အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမြို့ အရှေ့ဘက်ရှိ Mokattam တောင်ခြေသည် ယင်းဒေသ အကြီးမားဆုံး အမှိုက်ပုံနေရာဖြစ်ပြီး ပြင်ပလောကက ၎င်းကို “အမှိုက်မြို့” ဟု ခေါ်ဆိုကြသည်။ ဤနေရာတွင် အမှိုက်ပြန်လည်အသုံးချရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများကို “ဇာဘာလင်း (Zabbaleen - အမှိုက်စုဆောင်းသူများ)” ခေါ်ဆိုကြသည်။ ဤ “ဇာဘာလင်း” တို့ သည် ကိုင်ရိုမြို့ အနှံ့အပြားမှ အိမ်သုံးအမှိုက်များကို လိုက်လံစုဆောင်းပြီး မိမိတို့ရပ်ကွက်အတွင်းသို့ ပြန်လည်သယ်ဆောင်၍ အမျိုးအစားခွဲခြားကြပြီးနောက် ပလတ်စတစ်၊ စက္ကူနှင့် သတ္တုစသည့် ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို ပြန်လည်ရောင်းချခြင်း သို့မဟုတ် ပြုပြင်ထုတ်လုပ်ခြင်း ပြုလုပ်ကြသည်။
ဤနေရာတွင် ကြီးပြင်းလာသည့် ကလေးများသည် မိသားစုဝင်များကို ကူညီ၍ စွန့်ပစ်ပစ္စည်းများကို ခွဲခြားခြင်းနှင့် သယ်ဆောင်ခြင်းတို့ ပြုလုပ်ကြသည်။ ရပ်ကွက် နေထိုင်ရေးပတ်ဝန်းကျင်ကို မည်သို့ တိုးတက်ကောင်းမွန်စေမည်၊ ကလေးများအတွက် ပိုမိုများပြားသော ဘေးကင်စွာ လှုပ်ရှားသွားလာသည့် နေရာများကို မည်သို့ ဖန်တီးပေးမည် ဆိုသည်မှာ စဉ်ဆက်မပြတ် အာရုံစိုက်သင့်သည့် ကိစ္စရပ်ဖြစ်သည်။ (Xinhua)
...............................
(Chinese Version)
世界儿童日:开罗“垃圾城”中的童年
新华社照片,开罗,2026年11月20日
11月20日是世界儿童日。埃及首都开罗城东的穆克特姆山脚下是当地最大的垃圾处理区,被外界称为“垃圾城”,这里以垃圾回收业糊口的人群被称为“扎巴林人(垃圾收集者)”。这些“扎巴林人”从开罗各地收集生活垃圾,运回社区分拣,再将塑料、纸张、金属等可回收物出售或加工。
在这里长大的孩子会帮家人分拣和搬运废品。如何改善社区居住环境、为孩子们提供更多安全活动空间,值得持续关注。
图说1:11月12日,在埃及开罗的“垃圾城”,儿童在垃圾堆中玩耍。新华社记者 周汀鹭 摄
图说2:11月12日,在埃及开罗的“垃圾城”,一名儿童坐在垃圾运输车上。新华社记者 辛梦晨 摄






