
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာေလ ၂၁ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်၊ ညနေပိုင်းက ကားတစ်စီး အရှိန်လွန်ပြီး ချောင်းထဲထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ ယာဉ်မောင်း ဦးတင်ဇော် မောင်းနှင်သည့် Toyota Succeed အမျိုးအစား အဖြူရောင်ယာဉ်သည် ယနေ့ နိုဝင်ဘာ ၂၁ ရက်၊ ညနေ ၃ နာရီခွဲခန့်က တောင်ကြီးမြို့မှ ခိုလန်မြို့သို့ ထွက်ခွာ လာစဉ် ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက်အနီး အရောက်တွင် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာာသည့် ဘုရားဖူးယာဉ်တစ်စီးအား တိမ်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် ချောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးတင်ဇော် တွင် ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး အခြားသူများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။
ယခုအခါ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလနှင့် အစိုးရ ရုံးပိတ်ရက်ရှည် တိုက်ဆိုင်နေသဖြင့် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်ကားများ မြို့တော်တောင်ကြီးနှင့် အနီးဝန်းကျင် ဒေသများသို့ ဝင်ရောက် လာနေပြီး တောင်ကြီးမြို့ပေါ်အပါအဝင် အနီးဝန်းကျင်ဒေသများတွင် ယာဉ်ကြောပိတ်ဆို့ရှုပ်ထွေးခြင်းများ ဖြစ်ပေါ် လျက်ရှိရာ ယာဉ်မောင်းများအနေဖြင့် ဂရုပြုမောင်းနှင်ရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။