
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်
ထိုင်းနိုင်ငံ ဘူရီရမ်ခရိုင်မှာ အသက် ၁၈ နှစ်အရွယ် ရှမ်းအမျိုးသမီးတစ်ဦးကို - တ်ခဲ့တယ်လို့ သံသယရှိတဲ့ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အဆိုပါအမျိုးသားက ရှမ်းအမျိုးသမီးကို လိင်ပိုင်း ဆိုင်ရာ စော်ကားဖို့ ကြိုးစားရာမှာ ပြန်လည်ခုခံတဲ့ အတွက် ဒေါသထွက်ပြီး သတ်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။
“မစ္စအေ” လို့သာ ဖော်ပြထားတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို နန်ရုန်ခရိုင်၊ နောင်သူဝါဖတ်ရွာ ဝင်ပေါက် အနီး အမှတ် ၂၄ အဝေးပြေးလမ်းမဘေးက မြက်ပင်ရှည်တွေကြားမှာ နိုဝင်ဘာ ၂၀ ရက် မနက် ၁ နာရီခန့်က ဒေသခံတွေ တွေ့ရှိခဲ့ ပါတယ်။ အလောင်းတွေ့ရှိတဲ့နေရာဟာ ဟွာသာနွန် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ရုံးကနေ မီတာ ၅၀၀ ခန့်အကွာမှာ ဖြစ်ပါ တယ်။
အလောင်းကို CCTV မရှိဘဲ လူအသွားအလာနည်းပြီး အလင်းရောင်မလုံလောက်တဲ့နေရာမှာ တွေ့ရှိခဲ့တာကြောင့် စုံစမ်း စစ်ဆေးရာမှာ အခက်အခဲတွေရှိခဲ့ပါတယ်။ ဒေသတွင်းမှာလည်း ပျောက်ဆုံးသူအဖြစ် တိုင်ကြားထားတာ မရှိခဲ့ပါဘူး။
Provincial Police Region 3၊ ဘူရီရမ်ခရိုင်ရဲတပ်ဖွဲ့နဲ့ နန်ရုန်ရဲစခန်းက စုံစမ်းစစ်ဆေးသူတွေဟာ သေဆုံးသူရဲ့ အစ်မနဲ့ အခြားသက်သေတွေကို စစ်ဆေးမေးမြန်းခဲ့ပြီး အဆိုပါ အသက် ၁၈ နှစ်အရွယ် ရှမ်းအမျိုးသမီးဟာ ချင်းရိုင်ခရိုင်ကနေ ခရီးသွားဗီဇာနဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာသူဖြစ်ကြောင်း သိရှိခဲ့ပါတယ်။
သူမကို အိမ်အကူအလုပ်ရမယ်လို့ ပြောပြီး ဘူရီရမ်ကို ခေါ်ဆောင်လာခဲ့တာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆနေ ပါတယ်။ သူမက သူ့ချစ်သူထံ နောက်ဆုံးမျှဝေခဲ့တဲ့ တည်နေရာဟာ နန်ရုန်ခရိုင်က ခေါက်ဆွဲဆိုင်တစ်ဆိုင် ဖြစ်တာကို လည်း စုံစမ်းတွေ့ရှိခဲ့ပါတယ်။
အဲဒီနောက် ရဲတပ်ဖွဲ့က သူမဟာ အမျိုးသားတစ်ဦးနဲ့အတူ ခရီးသွားခဲ့ပြီး အလောင်းတွေ့ရှိတဲ့ နေရာကနေ ကီလိုမီတာ ၄၀ ခန့်အကွာမှာရှိတဲ့ ငှားရမ်းထားတဲ့အခန်းတစ်ခန်းကို အဲဒီအမျိုးသားက ခေါ်သွားခဲ့ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ ပါတယ်။
နန်ရုန်ခရိုင်တရားရုံးက မျိုးရိုးအမည်ကို မဖော်ပြထားတဲ့ အသက် ၄၇ နှစ်အရွယ် သင်နဖတ်ဆိုသူကို ဖမ်းဝရမ်းထုတ် ပေးခဲ့ပြီး နိုဝင်ဘာ ၂၁ ရက် မနက် ၁ နာရီခန့်မှာ နခွန်ပထုမ်ခရိုင်၊ မူအန်ခရိုင်အတွင်း ဖမ်းဆီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ဘန်ကောက်မှတ်ပုံတင်ထားတဲ့ အနက်ရောင် ပစ်ကပ်ကားတစ်စီးကိုလည်း သိမ်းဆည်းခဲ့ပြီး အဆိုပါကားကို အမျိုးသမီးရဲ့ အလောင်းသယ်ဆောင်ပြီး စွန့်ပစ်ရာမှာ အသုံးပြုခဲ့တယ်လို့ ယူဆထားပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သံသယရှိသူဟာ အစပိုင်းမှာ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ကြိုးစားချိန်မှာ ပြန်လည်ခုခံတာကြောင့် ဒေါသထွက်ပြီး သတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ သူက အမျိုးသမီး ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ပြီး လက်နဲ့ လည်ပင်းညှစ်သတ်ခဲ့တယ်လို့လည်း စစ်ဆေးမေးမြန်းမှုမှာ ပြောထားပါတယ်။
အဲဒီနောက် အမျိုးသမီးရဲ့ ဦးခေါင်းနဲ့ ခြေထောက်ကို ပလတ်စတစ်အိတ်တွေနဲ့ ဖုံးအုပ်ပြီး ပစ်ကပ်ကားပေါ်တင်ကာ ၃၀ မှ ၄၀ ကီလိုမီတာခန့် မောင်းနှင်ပြီး လမ်းဘေးမှာ အလောင်းကို စွန့်ပစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ရာဇဝတ်မှု ကို ဖုံးကွယ်ဖို့အတွက် အလောင်းကို အဲဒီနေရာမှာ စွန့်ပစ်ခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က သတ်ဖြတ်မှုရဲ့ အခြေအနေအပြည့်အစုံနဲ့ ရည်ရွယ်ချက်ကို သိရှိနိုင်ဖို့ သံသယရှိသူကို ဆက်လက်စစ်ဆေး သွားမယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ တမင်သတ်ဖြတ်မှုနဲ့ အလောင်းဖုံး ကွယ်စွန့်ပစ်မှုတို့နဲ့ စွဲချက်တင်ထား ပါတယ်။ ဒီအမှုမှာ အခြားသူတွေ ပါဝင်ပတ်သက်မှုရှိမရှိကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။
Ref – Khaosod