NP News

မကွေးတန်ဆောင်တိုင်ပွဲတော်ကို နိုင်ငံကျော်အဆိုတော်များ၏ ဂီတဖျော်ဖြေမှုများနှင့်အတူ MSME အရောင်းပြခန်းများဖြင့် (၄) ရက်တိုင်တိုင် ကျင်းပမည်

သုတ(မကွေး) နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့၏တန်ဆောင်တိုင်ပွဲတော်ကို ယခင်နှစ်များနှင့်မတူအောင် အထူးစီစဥ်ဆောင်ရွက်ထားကြောင်းသိရပြီး နိုဝင်ဘာလ (၂၁) ရက်မှ (၂၄) ရက်အထိ ( ၄ )ရက်တိုင်တိုင် မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တန်ဆောင်တိုင်ပွဲတော်ကို ယခင်နှစ်များနှင့်မတူအောင် အများပြည်သူစိတ်အပန်းဖြေစေရန်အတွက် ဂီတဖျော်ဖြေပွဲများထည့်သွင်းဆောင်ရွက်ထားရှိပြီး နိုင်ငံကျော်အဆိုတော်များဖြစ်ကြသည့် ဖြိုးမြတ်အောင်၊ ခြူးလေး ၊ ဘုန်းသျှံ၊ ရွှေရူပါဦးနှင့်အတူ မကွေးတိုင်းအတွင်းရှိ ဒေသခံအဆိုတော်များဖြင့် အထူးစည်ကားသိုက်မြိုက်အောင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည် ။
မကွေးမြို့၏ တန်ဆောင်တိုင်ပွဲတော်ကို လာရောက်ကြည့်ရှု့အပန်းဖြေကြမယ့်ပြည်သူများအတွက် MSME အရောင်းပြခန်းများကိုလည်း ထည့်သွင်းကျင်းပသွားဖို့ စီစဥ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News