NP News

ဂျိမ်းစ်ဘွန်းရုပ်ရှင်အသစ်တွင် ‘Bond girl’နေရာအတွက် ဖြစ်နိုင်ခြေရှိသော မင်းသမီးစာရင်းတွင် ဂျန်းဟိုယွန်း ပါဝင်လာ

Pika (NP News) - နိုဝင်ဘာ ၂၂

Squid Game စီးရီးတွင် နံပါတ်(ဝ၆၇)အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သည့် တောင်ကိုရီးယားရုပ် ရှင်မင်းသမီး ဂျန်းဟိုယွန်းသည် ‘ဝ၀၇’ ရုပ်ရှင်ဇာတ် လမ်းတွဲများတွင် နောက်ထပ် ‘Bond girl’ (ဂျိမ်းစ် ဘွန်းဇာတ်ကောင်၏ အဖော်အဖြစ်ပါဝင်မည့် အမျိုးသမီးဇာတ်ကောင်)အဖြစ် ရွေးချယ်ခံရနိုင်ခြေရှိသူများ စာရင်းတွင်ပါဝင်လာခြင်းကြောင့် နိုင်ငံတကာမှ စိတ်ဝင်စားမှုများကို ခံနေရကြောင်း သိရသည်။

ရောဘတ်ပတ်တင်ဆန်က ဂျိမ်းစ်ဘွန်းမင်း သားအသစ်အဖြစ်အတည်ပြုခံထားရသည်ဟု သတင်းများထွက်ပေါ် နေချိန်တွင် ဂျန်းဟိုယွန်းက ဂျိမ်းစ်ဘွန်း၏အဖော် အမျိုးသမီးဇာတ်ကောင်ကို သရုပ်ဆောင်ရမည့် ပထမဆုံးကိုရီးယား မင်းသမီး ဖြစ်လာနိုင်မလားဆိုသည့် ခန့်မှန်းပြောဆိုမှုများမှာ လည်း မြင့်တက်လျက်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖက်ရှင်မဂ္ဂဇင်း Vogue က ထွက်ရှိလာမည့် ဂျိမ်းစ်ဘွန်းရုပ်ရှင်အတွက် ‘Bond girl’ နေရာနှင့် သင့်လျော်မည်ဟုယူဆရ သည့် မင်းသမီး(၄၅)ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ ဂျန်း ဟိုယွန်းလည်းပါဝင်လာခဲ့ခြင်း ဖြစ်သည်။ ဂျန်းဟိုယွန်းသည် အဆိုပါစာရင်းတွင် နံပါတ်(၅)နေရာမှာဖော်ပြခံထားရပြီး ထူးခြားသော သရုပ်ဆောင် စွမ်းရည်များကို ပြသထားသည့်မင်းသမီးအဖြစ် ဖော်ပြပြောဆိုခံထားရသည်။ ဂျိမ်းစ်ဘွန်းရုပ်ရှင်အသစ်၏ဇာတ်အိမ်ကို အ ရှေ့တိုင်းဒေသတွင်တည်ဆောက်ထားမည်ဆိုပါက ဂျန်းဟိုယွန်းသည် ဂျိမ်းစ်ဘွန်း၏ထောက်လှမ်းရေး မစ်ရှင်များ အတွက် အကောင်းဆုံးလက်တွဲဖော်တစ်ဦးဖြစ်လာနိုင်ကြောင်းလည်း မဂ္ဂဇင်းက သုံးသပ်ဖော်ပြထားသည်။
အဆိုပါစာရင်းတွင် Zendaya/ Saoirse Ronan နှင့် Anya Taylor-Joy တို့ကဲ့သို့သော ဟောလိဝုဒ်မှ ထိပ်တန်းမင်းသမီးများလည်းပါဝင်နေပြီး ဂျိမ်းစ်ဘွန်းရုပ်ရှင်အသစ်တွင် မည်သူပါဝင်လာမည်ကို ပရိသတ်များက စိတ်ဝင် တစားစောင့်မျှော်နေကြကြောင်းလည်းသိရသည်။ ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ် လမ်းအသစ်ကို ‘Due’ဇာတ်လမ်းတွဲများနှင့် ‘Blade Runner 2049’ ရုပ်ရှင်တို့ဖြင့်ကျော်ကြားခဲ့သည့် ဒါရိုက်တာက ရိုက်ကူးသွားမည်ဖြစ်ပြီး ဇာတ်òန်းကိုမူ လူကြိုက်များသည့်ရုပ်သံဇာတ်လမ်းတွဲ ‘Peaky Blinders’ကိုဖန်တီးသူအဖြစ် လူသိများသည့် Steven Knight က ရေးသားသွားမည်ဖြစ် ကြောင်းသိရသည်။

မူရင်းသတင်း — NP News