NP News

(၈)နှစ်အတွင်း ပြန်လည်ဦးမော့လာနိုင်ခဲ့ပြီဖြစ်သည့် နာမည်ကျော်သရုပ်ဆောင် ဂျွန်နီဒက်ပ်

Pika (NP News) - နိုဝင်ဘာ ၂၂

နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင် ဂျွန်နီဒက်ပ်သည် အချိန်(၈)နှစ်တာကာလအတွင်း ၎င်း၏ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးတစ်ခုဖြင့် ရုံတင်ဝင်ငွေဇယား၏ ထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဂျွန်နီဒက်ပ်သည် ဇနီးဟောင်းဖြစ်သူ အမ်ဘာဟတ်နှင့်ဖြစ်ပွားခဲ့သည့် အငြင်းပွားဖွယ်ရာအသရေ ဖျက်မှုဆိုင်ရာ တရားရင်ဆိုင်မှုတစ်ခုကြောင့် ဟောလိဝုဒ်တွင် ၎င်း၏အနာဂတ်မှာ မသေမချာဖြစ်ခဲ့ရပြီးနောက် ယခုကဲ့သို့ ပြန်လည်ဦး မော့လာခဲ့ခြင်းလည်းဖြစ်သည်။

“Fantastic Beasts”ရုပ်ရှင်ဇာတ်လမ်း တွဲများမှနုတ်ထွက်ပေးရန်တောင်းဆိုခံခဲ့ရပြီး အချိန် (၆)နှစ်အကြာ၊ ဟောလိဝုဒ်နှင့် လုံးဝမပတ်သက်ချင်တော့ကြောင်း ဂျွန်နီဒက်ပ်ကိုယ်တိုင်ပြောကြားခဲ့ပြီး အချိန်(၃)နှစ်အကြာတွင် ယခုကဲ့သို့ အောင်မြင်မှုများကို ပြန်လည်ရရှိလာခဲ့ခြင်းလည်းဖြစ်သည်။ Paramount Pictures မှ ဖြန့်ချိသည့် “Ebenezer’’ ရုပ်ရှင်ကားသည် မြောက်အမေရိကတွင် လက်မှတ် ရောင်းချရငွေ အမေရိကန်ဒေါ်လာ(၁၉)သန်းခန့်ဖြင့် ရုံတင်ပြသသည့် ပထမဆုံးသီတင်းပတ်အတွင်းတွင် ထိပ်ဆုံးနေရာမှာရပ်တည်နိုင်ခဲ့ပြီး ရုပ်ရှင်ရုံပေါင်း (၃၅၃၅)ရုံတွင် ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအောင်မြင်မှုမှာ ရုံတင်ပြသသည့်ပထမဆုံးသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သန်း(၁၀ဝ)ကျော် ရရှိခဲ့သည့် “Pirates Of The Caribbean” ဇာတ်လမ်းတွဲများ သို့မဟုတ် ရုံတင်ပြသသည့်ပထမဆုံးသီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ(၆၂)သန်းကျော်ရရှိခဲ့သည့် “Fantastic Beasts: The Crimes Of Grindelwald”ရုပ်ရှင် ကားတို့နှင့် နှိုင်းယှဉ်မည်ဆိုပါက နည်းပါးသော်လည်း ထုတ်လုပ်မှုကုန်ကျစရိတ် အမေရိကန်ဒေါ်လာ (၃၈)သန်းသာရှိခဲ့သည့် “Ebenezer”ဇာတ်ကားအတွက် မူ ကောင်းမွန်သောအစပျိုးမှုတစ်ခုဖြစ်ခဲ့ကြောင်း လည်းသိရသည်။

ထို့ပြင် “Ebenezer”ဇာတ်ကားသည် နိုင်ငံတကာဈေးကွက်(၆၃)ခုမှလည်း အမေရိကန် ဒေါ်လာ(၂၃)သန်းရ ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ (၄၂)သန်းဖြင့် ရုံတင်ဖွင့် လှစ်ပြသနိုင်ခဲ့ကြောင်းသိရသည်။ ]နဘနညနဖနမ} ရုပ်ရှင်ကိုကြည့်ရှုသူများအနက် (၅၂)ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး (၈၁)ရာခိုင်နှုန်းမှာ အသက် (၂၅)နှစ်အထက်လူများဖြစ်ကြောင်း PostTrak ၏ စစ်တမ်းကောက်ယူမှုများအရသိရသည်။ ထို့ပြင် ရုပ် ရှင်ရုံမှထွက်လာသူများကို စစ်ဆေးမေးမြန်းချက်များအရ ရုပ်ရှင်လာရောက်ကြည့်ရှုသူ (၅၁)ရာခိုင်နှုန်းက ဂျွန်နီဒက်ပ်ပါဝင်ထားသဖြင့် အဆိုပါရုပ်ရှင်ကိုလာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း ဖြေဆိုခဲ့ကြသည်။

မူရင်းသတင်း — NP News