
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
မြို့တော် တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း နေ့စဉ် ညနေပိုင်းမှစတင်၍ မြို့တွင်း လမ်းမကြီးများ ၌ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်၊ ညနေပိုင်းမှ စတင်၍ တောင်ကြီးမြို့လယ် မြို့မဈေးမှ စတင်ကာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမအပြင် အရှေ့/အနောက် မြို့ပတ်လမ်းများနှင့် လမ်းသွယ်များတွင် လည်း ယာဉ်အသွားအလာ များပြားပြီး လမ်းပိတ်ဆို့နေကြောင်း သိရသည်။
“ဖွင့်ပွဲနေ့ကတောင် ဒီလောက် မကြပ်သလိုပဲ။ တန်ဆောင်တိုင်ပွဲ နောက်ဆုံးလက်ကျန်ရက်တွေလည်းဖြစ်၊ ရုံးပိတ်ရက် ရှည်နဲ့လည်း တိုက်ဆိုင်နေတော့ တစ်နိုင်ငံလုံးက ကားတွေ တောင်ကြီးရောက်နေသလား အောက်မေ့ရတယ်။ ကိစ္စရှိလို့ မြို့ထဲ အနီးအနားသွားချင်ရင်တောင် မလွယ်တောာ့ဘူး” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် မြို့တွင်း ဖြတ်သန်းသွားလာကြသူများအနေဖြင့် အချိန်ပိုမိုကြာမြင့်နိုင်ပြီး ယာဉ်မောင်းနှင် ရာတွင် သတိပြု မောင်းနှင်ရန် လိုအပ်နေသည်ဟု သိရသည်။