



၂၂.၁၁.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (က) ရပ်ကွက်၊ အင်ကြင်းလမ်းတွင် ဘုရားစင်သို့ သွယ်တန်းထားသော ဝါယာကြိုးဟောင်းများ အပူလွန်ကဲရာမှ နေအိမ်သုံးလုံးနှင့် တိုက်ခန်းနှစ်ခန်း မီးလောင်ဆုံးရှုံးမှု ယနေ့ နိုဝင်ဘာလ ၂၂ ရက် နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
အလျား ပေ ၂၀၊ အနံ ၂၅ ပေရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နှစ်ထပ်အိမ်၏ အပေါ်ထပ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ်တစ်လုံး၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း တစ်ထပ်နေအိမ်တစ်လုံး၊ သွပ်မိုး၊ အုတ်ညှပ် နှစ်ထပ်နေအိမ်တစ်လုံး အပါအဝင် အတွင်းပစ္စည်းများ၊ အာရ်စီ နှစ်ခန်းတွဲ ငါးထပ်ရှိ မြေညီထပ်နှင့် ပထမထပ်ရှိ အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ခြောက်စီး၊ ရေသယ်ယာဥ် ငါးစီး၊ကွပ်ကဲမှုယာဥ် တစ်စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် အသက် ၈၂ နှစ်အရွယ် အဘိုးအိုကို သုဝဏ္ဏနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။