Myanmar National Post

ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်း‌ကျောင်းမှ‌ ကျောင်းသား/ ကျောင်းသူများ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလှိုဏ်ဂူသိမ်‌တော်ကြီးသို့ သွားရောက်လေ့ လာဖူးမြော်


ဗိုလ်တထောင်  ၊  နိုဝင်ဘာ  ၂၂

ရန်ကုန်တိုင်း‌ ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့်အထိမ်း အမှတ်အဖြစ် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သမိုင်းဝင်အမွေအနှစ်များကိုပြသထားသည့် ပြကွက်နှင့်ပြခန်းများအား ယနေ့နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူများ သွားရောက်လေ့လာဖူးမြော်ကြသည်။

ထိုသို့ လေ့လာဖူးမြော်ရာ၌ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးတို့သည်ပထမဦးစွာ     လိုဏ်ဂူသိမ်တော်ကြီးအတွင်းသို့ ဝင်ရောက်၍ မြတ်စွာဘုရှင်အားငါးပါးသီလ ခံယူဆောက်တည်ဘုရားဝတ်ပြုကြသည်။

ထို့နောက်အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်းညိုက ကျောင်းသားကျောင်းသူများအားလိုဏ်ဂူ သိမ်တော်ကြီး၏ သမိုင်းကြောင်း၊ ဗုဒ္ဓသာသနာ တော်ဆိုင်ရာ သမိုင်းဝင်အမွေအနှစ်များ၊ ဆဋ္ဌသင်္ဂါ ယနာတင်ပွဲ၏ သမိုင်းကြောင်းနှင့်ဆက်စပ်သည့်ပြခန်းများ၊ ပြကွက်များကိုအကြောင်းရှင်းလင်း ပြောပြပြီးကျောင်းသား ကျောင်းသူများမှပြသထားသောပြခန်း (၁၀) ခန်းအား စိတ်ဝင်တစား လေ့လာဖူးမြော်ခဲ့ရာ တာဝန်ရှိသူများမှ ဆက်လက်လိုက်လံရှင်းလင်း ပြသပေးခဲ့သည်။

အဆိုပါ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့်အထိမ်းအမှတ်ပြခန်းများ၊ သမိုင်းဝင်ပြ ခန်းများနှင့် ပြကွက်များကို ကျောင်းသား/ကျောင်းသူများအပြင် အများပြည်သူများလာရောက် လေ့လာဖူးမြော်လျက်ရှိပြီး အပတ်စဉ်စနေနေ့ နှင့်တနင်္ဂနွေနေ့များတွင် သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနနှင့်နိုင်ငံတော်ပရိယတ္တိ သာသနာတက္ကသိုလ် ရန်ကုန်တို့မှ အရာထမ်းအမှုထမ်းများက အပတ်စဉ်အလှည့်ကျတာဝန်ယူ၍ ဖွင့်လှစ်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။

ခင်ဝင်း

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post