Kanbawza Tai News

ယနေ့ တန်ဆောင်တိုင်ပွဲတော် အဋ္ဌမညတွင် မီးပုံးပျံ ၁၄ လုံး လွှတ်တင်မည်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ အဋ္ဌမနေ့ဖြစ်သော ယနေ့ နိုဝင်ဘာ ၂၃ ရက်၊ ညပိုင်းတွင် ညမီးကြီး မီးပုံးပျံ ၉ လုံး၊ စိန်နားပန်မီးပုံးပျံ ၅ လုံး၊ စုစုပေါင်း ၁၄ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ ညပိုင်းတွင် ညမီးကြီး မီးပုံးပျံများ ဖြစ်သော ကောဝ်နင်း Nice Food ၊ ချီခန့် (ငပျင်း)၊ တောင်ပိုင်း၊ ရွှေဇုန်၊ Cherry Oo ၊ Alpine သောက်ရေသန့်၊ ရွှေအင်းသား၊ မင်္ဂလာနှင့် ဟူးစားစွို့ မီးပုံးပျံအဖွဲ့များအပြင် စိန်နားပန် မီးပုံးပျံများ ဖြစ်သော ချီခန့် (ငပျင်း)၊ ရွှေနမ့်စန်၊ ဇွဲထက်၊ Cherry Oo နှင့် ရွှေအင်းသား မီးပုံးပျံအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင် လွှတ်တင် သွားမည်ဖြစ်ကြောင်း သိရဿည်။

ယမန်နေ့ ညမီးကြီးမီးပုံးပျံလွှတ်တင်စဉ် ယမ်းမီးလောင်ဒဏ်ရာရရှိမှုကြောင့် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၂ ဦးကို စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ရကာ မူးလဲဿူ ၃ ဦးနှင့် ဖျားနာသူ ၁ ဦးလည်း ရှိခဲ့သည်ဟု သိရသည်။

တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းအတွင်း ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ဆုပေးပွဲနှင့် ပိတ်ပွဲကို နိုဝင်ဘာ ၂၅ ရက်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News