Xinhua Myanmar

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်း ကောက်နုတ်ချက်

ရက်တိုးမြှင့်ကျင်းပသည့် COP31 အစည်းအဝေး အလုံးစုံသဘောတူညီမှု မရရှိဘဲ တူကီယဲနိုင်ငံတွင် ပြီးဆုံး

၃၁ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP31) အား ၄၈ နာရီနီးပါး ထပ်တိုးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခဲ့သော်လည်း အလုံးစုံသဘောတူညီချက် မရရှိဘဲ နိုဝင်ဘာ ၂၂ ရက်က ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

"အဲဒီစာသားမူကြမ်းကို ဆန့်ကျင်ကန့်ကွက်တဲ့ အဖွဲ့ဝင်နိုင်ငံတွေ ရှိနေပုံပါပဲ။ အဲဒီစာသားနဲ့ပတ်သက်ပြီး သဘောတူညီချက် မရရှိခဲ့ဘူးလို့ ကျွန်တော် နားလည်သဘောပေါက်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တွေကို အတည်မပြုနိုင်ခဲ့ပါဘူး" ဟု COP31 ညီလာခံ ဥက္ကဋ္ဌ မူရတ် ကူရမ်က မျက်နှာစုံညီအစည်းအဝေး ပိတ်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

တူကီယဲနိုင်ငံ သဘာဝပတ်ဝန်းကျင်၊ မြို့ပြဖွံ့ဖြိုးရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးလည်းဖြစ်သည့် ကူရမ်က COP31 ဥက္ကဋ္ဌဖြစ်သော တူကီယဲနိုင်ငံ၏ တာဝန်ဝတ္တရားများသည် ညီလာခံပြီးဆုံးသွားသည့်တိုင် ဆက်လက်ရှိနေမည်ဟု ပြောကြားလျက် အစည်းအဝေး လုပ်ငန်းအစီအစဉ်အရ စတင်ဖော်ဆောင်ခဲ့သော သန့်ရှင်းစွမ်းအင်၊ စွန့်ပစ်ပစ္စည်းကင်းစင်ရေးနှင့် ရာသီဥတုဆိုင်ရာ ငွေကြေးထောက်ပံ့ရေး အစီအစဉ်များကို ထောက်ပြပြောဆိုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် စက်ရုံမီးလောင်မှု ဖြစ်ပွားပြီးနောက် ရုပ်အလောင်းထည့်သည့်အိတ် ၂၄ အိတ် တွေ့ရှိထားပြီး ရှာဖွေမှုများကို နိုဝင်ဘာ ၂၃ ရက်၌ ပြန်လည်စတင်မည်

အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ပြည်နယ်ရှိ သကြားလုံးစက်ရုံတစ်ရုံ၌ နိုဝင်ဘာ ၂၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် မီးလောင်မှုကို အပြည့်အဝ ငြှိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ အခင်းဖြစ်ပွားရာနေရာမှ ရုပ်အလောင်းထည့်သည့်အိတ် ၂၄ အိတ်ကို တွေ့ရှိထားပြီး လူ ၃၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။

မီးစတင်လောင်ကျွမ်းစဉ်က ထိုစက်ရုံ၌ လူ ၃၀၀ ခန့် ရှိနေခဲ့ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် စတီဗင် ဝီဂျာယာက အဆိုပါ ဝမ်နည်းဖွယ်ဖြစ်ရပ်ဆိုးကြောင့် ဝန်ထမ်းများနှင့် ၎င်းတို့မိသားစုဝင်များ၏ ထိခိုက်ဆုံးရှုံးမှုများအတွက် အထူးပင် ဝမ်းနည်းကြေကွဲရပါကြောင်း၊ ထိခိုက်ခံစားရသူအားလုံးကို လှိုက်လှိုက်လှဲလှဲ တောင်းပန်ကြောင်းနှင့် ဝမ်းနည်းနှစ်သိမ့်ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

မီးလောင်မှု အရှိန်ပြင်းထန်ခြင်းကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြား၍မရနိုင်တော့ဘဲ မျက်မြင်စစ်ဆေးအတည်ပြုရန် မဖြစ်နိုင်တော့ကြောင်း နယ်မြေခံရဲတပ်ဖွဲ့က ပြောသည်။ ထို့ပြင် ရုပ်အလောင်းထည့်သည့်အိတ် တစ်အိတ်တည်းတွင် သေဆုံးသူ တစ်ဦးထက်ပိုသော ရုပ်ကြွင်းများ ပါဝင်နိုင်သည့်အတွက် သေဆုံးသူ အရေအတွက် အတိအကျကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

နည်းပညာပိုင်း ပြဿနာ ဖြေရှင်းနိုင်ခဲ့သည့်တိုင် Delta Air Lines လေယာဉ်ခရီးစဉ် နှောင့်နှေးကြန့်ကြာမှု ပိုမိုဆိုးရွားလာ

အမေရိကန်နိုင်ငံ အတ္တလန်တာမြို့ရှိ Delta Air Lines လေကြောင်းလိုင်း ဗဟိုဌာန၌ လေယာဉ်ပျံသန်းမှု စီမံခန့်ခွဲရေးစနစ်တွင် နည်းပညာပိုင်းချို့ယွင်းမှု ဖြစ်ပွားခဲ့ခြင်းကြောင့် နိုဝင်ဘာ ၂၂ ရက်က လေယာဉ်ခရီးစဉ်ပေါင်း ၁,၀၀၀ ကျော် နှောင့်နှေးကြန့်ကြာမှု ဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းတွင် အဆိုပါ ချို့ယွင်းမှုကို ပြန်လည်ပြင်ဆင်နိုင်ခဲ့ကြောင်း သိရသည်။

အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ်အထိ ဟတ်စ်ဖီး-ဂျက်ဆင် အတ္တလန်တာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်/ထွက်ခွာမည့် ခရီးစဉ်များ နှောင့်နှေးကြန့်ကြာမှု ဖြစ်ပွားခြင်းမှာ မွန်းတည့်ချိန်မတိုင်မီက ၅၉၁ ခုသာ ရှိခဲ့ရာမှ ၁,၁၆၉ ခုအထိ မြင့်တက်လာခဲ့ပြီး ယင်းတို့အနက် Delta Air Lines ၏ လေကြောင်းခရီးစဉ် ၁,၀၀၅ ခု ပါဝင်ကြောင်း လေကြောင်းခရီးစဉ်များကို ခြေရာခံသော ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် FlightAware ၏ အချက်အလက်များအရ သိရသည်။

အမေရိကန် ဖက်ဒရယ်လေကြောင်းဦးစီးဌာန (FAA) က အတ္တလန်တာသို့ ဦးတည်ပျံသန်းမည့် Delta လေကြောင်းခရီးစဉ်များကို မြေပြင်၌ ခေတ္တရပ်နားထားရန် ကနဦး ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင်မူ မြေပြင်ရပ်နားချိန်ရွှေ့ဆိုင်းမှု အစီအစဉ်ဖြင့် အစားထိုးဆောင်ရွက်ခဲ့သည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အရှုပ်အထွေးများနှင့် ပတ်သက်၍ တောင်ကိုရီးယား ပညာရေးဝန်ကြီး ရာထူးမှနုတ်ထွက်

တောင်ကိုရီးယားနိုင်ငံ၏ နှစ်စဉ်ကျင်းပမြဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြစ်သည့် ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲ (CSAT) တွင် စာမေးပွဲဖြေဆိုရာ၌ မသမာမှု တားဆီးရေးစီမံချက်များနှင့် ပတ်သက်၍ အရှုပ်အထွေးများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီး ချွဲကျိုဂျင်းက နိုဝင်ဘာ ၂၂ ရက်တွင် ရာထူးမှ နုတ်ထွက်ခွင့်တောင်းခံခဲ့ပြီးနောက်  သမ္မတ လီဂျေမြောင်က ၎င်း၏ နုတ်ထွက်စာကို လက်ခံအတည်ပြုခဲ့ကြောင်း သမ္မတအိမ်တော်၏ ထုတ်ပြန်ချက်အရ သိရသည်။

စာမေးပွဲကျင်းပရန် အချိန်နီးကပ်နေချိန် စာမေးပွဲစည်းမျဉ်းစည်းကမ်းများကို အကြိမ်ကြိမ် ပြောင်းလဲခဲ့ခြင်းကြောင့် စာမေးပွဲဖြေဆိုသူများနှင့် အများပြည်သူအကြား အခက်အခဲများ ဖြစ်ပေါ်စေခဲ့ကြောင်း ချွဲက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သို့ဖြစ်၍ တာဝန်ရှိသူဝန်ကြီးတစ်ဦးအနေဖြင့် ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့သည့်အပေါ် ဝေဖန်မှုများကို ရှောင်လွှဲ၍မရနိုင်ကြောင်းနှင့် ယင်းအား တာဝန်ယူသည့်အနေဖြင့် ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ CSAT စာမေးပွဲကို နိုဝင်ဘာ ၁၉ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖြေဆိုသူဦးရေ ၅၅၀,၀၀၀ ခန့် ပါဝင်ဖြေဆိုခဲ့ကြသည်။ အစောပိုင်းက ကျင်းပခဲ့သည့် အခွန်စာရင်းကိုင် အရည်အချင်းစစ် စာမေးပွဲတစ်ခုတွင် AI နည်းပညာသုံး ကိရိယာအကူအညီဖြင့် မသမာသည့်နည်းလမ်း အသုံးပြုခဲ့သည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီးနောက် ထိုစာမေးပွဲ၏ မျှတမှုအပေါ် စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ယီမင်နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနှင့် ဟူသီဒရုန်းတိုက်ခိုက်မှုများကြောင့် လူ ၅ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိဟု သတင်းရင်းမြစ်များ ပြော

ယီမင်နိုင်ငံတစ်ဝန်း၌ နိုဝင်ဘာ ၂၂ ရက်က ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့၏ လက်ချက်ဟု ယူဆရသော လေကြောင်းတိုက်ခိုက်မှုများနှင့် ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒရုန်းတိုက်ခိုက်မှုတစ်ခုတို့ကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟူသီအဖွဲ့ ထိန်းချုပ်ထားသည့် မီဒီယာနှင့် လုံခြုံရေးအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဟူသီအဖွဲ့ ထိန်းချုပ်ထားသော မြို့တော် ဆန်နားရှိ ရေနံကုမ္ပဏီ အဆောက်အအုံတစ်ခုကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ရုပ်ဝတ္ထုပစ္စည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဟူသီအဖွဲ့၏ အယ်လ်-မာဆီရာ ရုပ်သံက နိုဝင်ဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

တိုက်လေယာဉ်များက မြို့တော်၏ နေရာအနှံ့အပြားကို တိုက်ခိုက်ခဲ့ခြင်းကြောင့် လူနေရပ်ကွက် အများအပြားတွင် ပြင်းထန်သော ပေါက်ကွဲသံကြီးများဖြင့် တုန်ခါသွားခဲ့ကြောင်း ဒေသခံများက ဆင်ဟွာသတင်းဌာနသို့ ပြောသည်။ (Xinhua)

…………………………

(English Version)

Daily World Briefing, Nov. 23

Extended COP31 concludes in Türkiye without overarching deal

The 31st United Nations Climate Change Conference (COP31) concluded on Sunday without an overarching deal after nearly 48 hours of overtime talks.

"It seems that there are parties that object to this text. I understand that there is no agreement on this text. For that reason, these decisions have not been adopted," COP31 President Murat Kurum said at the closing plenary.

Kurum, also Türkiye's minister of environment, urbanization and climate change, said Türkiye's responsibility as presidency will continue beyond the conference, pointing to clean energy, zero-waste and climate financing initiatives launched under the summit's action agenda.

24 body bags recovered after factory fire in Indonesia, search to resume Monday

Indonesian police said Sunday evening that a fire that broke out at a candy factory in Banten province on Saturday night had not been fully extinguished, with 24 body bags recovered from the scene and about 30 people still unaccounted for.

The company said in a statement that around 300 people were present at the factory when the fire broke out. The company's chief executive officer, Steven Wijaya, expressed deep sorrow over the impact of the tragedy on employees and their families on Sunday, offering his sincere apologies and condolences to all those affected.

Local police said the intensity of the blaze had left the victims' remains unrecognizable, making visual identification impossible. The exact death toll remains unclear, as a single body bag could contain remains belonging to more than one victim.

Delta Air Lines flight delay worsens though technical issue resolved

Over 1,000 Delta Air Lines flights at its U.S. Atlanta hub were delayed on Sunday due to a technical issue affecting the airline's flight operations system, though the technical failure was resolved later in the afternoon.

As of 5:45 p.m. Eastern Time, delays at, arriving and departing Hartsfield-Jackson Atlanta International Airport had increased to 1,169, including 1,005 Delta Air Lines flights, up from 591 before noon, according to data from flight-tracking website FlightAware.

The U.S. Federal Aviation Administration (FAA) initially issued a ground stop for Delta flights bound for Atlanta and later replaced it with a ground delay program.

S.Korean education minister resigns over college entrance exam confusion

South Korean Education Minister Choi Kyo-jin offered to resign on Sunday over confusion surrounding measures to prevent cheating in the 2027 College Scholastic Ability Test (CSAT), the country's annual college entrance exam. President Lee Jae Myung subsequently accepted his resignation, according to the presidential office Blue House.

In a statement, Choi said that multiple changes to examination rules shortly before the exam had caused inconvenience to candidates and the public. As the minister in charge, he said he could not avoid criticism over inadequate preparations and had decided to take responsibility by stepping down.

The CSAT was held on Nov. 19, with around 550,000 candidates taking part. Concerns over exam fairness intensified following a cheating incident involving AI devices in an earlier tax accountant qualification examination.

Airstrikes, Houthi drone attack kill 5, injure 18 across Yemen: sources

At least five people were killed and 18 others injured in airstrikes attributed to the Saudi-led coalition and a Houthi drone attack across Yemen on Sunday, according to Houthi-run media and a security official.

Houthi-run al-Masirah TV reported Sunday that six people were injured when an airstrike hit an oil company facility in the Houthi-controlled capital Sanaa, causing material damage.

Residents told Xinhua that powerful explosions shook several neighborhoods as warplanes struck different parts of the capital.

မူရင်းသတင်း — Xinhua Myanmar