
ရန်ကုန်မြို့ သာကေတမြို့နယ် ကျက်သရေဆောင်ဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏ ပုညဝတီလမ်းမကြီးဖွင့်ပွဲနှင့် ပထမအကြိမ် မသိုးရွှေကြာသင်္ကန်းရက်ပြိုင်ပွဲဖွင့်ပွဲကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ကျင်းပသည်။
ရန်ကုန်တိုင်းဒေကြီးလွှတ်တော် ဉက္ကဋ္ဌ ဦးဋ္ဌေးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းနှင့် တာဝန်ရှိသူများက ပုညဝတီလမ်းမကြီအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မော်ကွန်းကမ္ပည်းကျောက်စာတိုင်အား အမွှေးနံ့သာများ ပတ်ဖျန်းပေးကြသည်။
ဆက်လက်၍ ပထမအကြိမ် မသိုးရွှေကြာသင်္ကန်းရက်ပြိုင်ပွဲဖွင့်ပွဲကို စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။