Kanbawza Tai News

ပွဲတော် အဖိတ်ညတွင် ယမ်းထိလူနာ ၁၆ ဦး အပါအဝင် ဒဏ်ရာရ/မူးလဲသူ ၁၀၀ ကျော် ရှိခဲ့

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ အဋ္ဌမည ဖြစ်သော ယမန်နေ့ နိုဝင်ဘာ ၂၃ ရက် (တန်ဆောင်မုန်း လပြည့် အဖိတ်ည) တွင် ယမ်းထိလူနာ ၁၆ ဦး အပါအဝင် ထိခိုက်ဒဏ်ရရသူ၊ မူးလဲသူ ၁၀၀ ကျော် ရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ ညပိုင်းက ညမီးကြီး မီးပုံပျံ လွှတ်တင်စဉ် ယမ်းထိသူ လူနာ ၁၆ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၆ ဦးနှင့် မူးလဲသူ ၉၅ ဦး စုစုပေါင်း ၁၁၇ ဦး ရှိခဲ့ပြီး ၃ ဦးကို စဝ်စံထွန်းဆေးရုံသို့ တင်ပို့ခဲ့ရကာ ဒဏ်ရာပြင်းထန် စိုးရိမ်ရလူနာ မရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် ၂၀၂၆ တောင်ကြီးတန်ဆောင်တိုင်ပွဲသည် လူများပိုမိုစည်ကားလာပြီး ကွင်းအတွင်း လူပြည့်ကြပ်မှုကြောင့် မကြာခဏ မူးမေ့လဲမှု၊ ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သည်ဟု သိရသည်။

ယနေ့ နိုဝင်ဘာ ၂၄ ရက်၊ တန်ဆောင်မုန်းလပြည့်ညသည် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ နောက်ဆုံးရက်ဖြစ်ပြီး ယမန်နေ့ထက် ပွဲလာပရိသတ် ပိုမိုများပြားလာနိုင်ပြီး လူကြပ်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကျန်းမာရေးမကောင်းသူ၊ အသက်အရွယ်ကြီးရင့်သူများနှင့် ကလေးသူငယ်များ လူကြပ်သည့် နေရာများသို့ မသွားရောက်သင့်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

မူရင်းသတင်း — Kanbawza Tai News