
ကျောက်တံတားမြို့နယ်၊ ဘဏ်လမ်းတွင် "ရန်ကုန်တန်ဆောင်တိုင်ညပွဲစျေး"အား နိုဝင်ဘာ ၂၁ ရက်မှ စတင်ကာ ကျင်းပခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၄ ရက်(တန်ဆောင်မုန်းလပြည့်နေ့) ညပိုင်းတွင် ဘဏ်လမ်းတွင် "ရန်ကုန်တန်ဆောင်တိုင်ညပွဲစျေး"တွင် စျေးရောင်းချသူများ၊ လာရောက်လည်ပတ်သူများနှင့် စည်ကားခဲ့သည်။
"ရန်ကုန်တန်ဆောင်တိုင်ညပွဲစျေး"တွင် ရုပ်သေးတင်ဆက်မှုများ၊ တေးသီချင်းသီဆိုမှုများနှင့် အခြားအစီအစဉ်များစွာပါဝင်သည်။
"ရန်ကုန်တန်ဆောင်တိုင်ညပွဲစျေး"အား နိုဝင်ဘာ ၂၁ ရက်မှ စတင်ကျင်းပခဲ့ရာ နိုဝင်ဘာ ၂၅ ရက်မှာ နောက်ဆုံးညဖြစ်ကြောင်း သိရသည်။
♦ ဓာတ်ပုံ ပိုင်စိုးသူ၊ ရှိုင်းလင်းထက်