Eleven Media Group

မော်လမြိုင်မြို့ သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ ၂၃၃၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ မီးပုံးများလွှတ်တင်ခြင်းနှင့် မီးပန်းပစ်လွှတ်ခြင်းများ ပြုလုပ်

မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ ၂၃၃၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ မီးပုံးများလွှတ်တင်ခြင်းနှင့် မီးပန်းပစ်လွှတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ယနေ့ (နိုဝင်ဘာ ၂၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့တွင်) ည ၇ နာရီက အဆိုပါကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ မီးပုံးများလွှတ်တင်ခြင်းနှင့် မီးပန်းများ ပစ်လွှတ်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ ၂၃၃၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ ဇာတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများလည်း ထည့်သွင်းကျင်းပပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

တန်ဆောင်မုန်းလပြည့်‌ နံနက်အစောပိုင်းအချိန်ကလည်း မော်လမြိုင်မြို့ သံလွင်မြစ်ကမ်း‌ဘေး၊ ကမ်းနားလမ်း၌ ဆွမ်းအိုးမျှောကြသူများ၊ စတုဒီသာကျွေးမွေးကြသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

ထို့အတူ မော်လမြိုင်မြို့အနှံ့တွင်လည်း ထမင်းနှင့် ဟင်းများ စတုဒီသာကျွေးမွေးလှူဒါန်းမှုများလည်းရှိကြသည့်အပြင် မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ ရေခဲမုန့်၊ အအေး အစရှိသည့်ဖြင့် ကျွေးမွေးလှူဒါန်းနေကြကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group