Eleven Media Group

မြဝတီမြို့ ရွှေမြင်းဝန်စေတီတော်မြတ်ကြီးတွင် တန်​ဆောင်မုန်းလပြည့်​ည၌ ပထမအကြိမ် ဆီမီး ၉၀၀၀ ပူ​ဇော်ပွဲနှင့် နိမ္ဗာန်​စျေးပွဲ​တော်ကျင်းပ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့လယ်ရှိ ကျက်သရေဆောင် ရှေးဟောင်းသမိုင်ဝင် ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးတွင် တန်​ဆောင်မုန်းလပြည့်​ည၌ ပထမအကြိမ် ဆီမီး ၉၀၀၀ ပူ​ဇော်ပွဲနှင့် နိမ္ဗာန်စျေးပွဲ​တော်ကို ကျင်းပခဲ့ကြောင်း သိရသည်။

မြဝတီမြို့ရှိ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ YMBA အသင်းနှင့် ဘာသာ​ရေး၊ လူမှု​ရေး အသင်းအဖွဲ့များ၊​ ဒေသခံပြည်သူများစု​ပေါင်းပြီး တန်​ဆောင်တိုင်မီးထွန်းပွဲ​တော်အဖြစ် ပထမအကြိမ် ဆီမီး ၉၀၀၀ ထွန်းညှိပူ​ဇော်ခြင်းဖြစ်​ကြောင်း သိရသည်။

အဆိုပါဆီမီး ၉ဝဝဝ ပူဇော်ပွဲသို့ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးအေးမင်းထွေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်း၊ မြဝတီခရိုင်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဥက္ကဌ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မော်အောင်၊ ကရင်ပြည်နယ်သာသနာ့နုဂ္ဂဟအသင်းဥက္ကဌ ဦးစောမုတ်သုန်၊ မြဝတီမြို့မှဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြိုဖများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

​ရွှေမြင်းဝန်​စေတီ​တော်တွင် ဆီမီး ၉၀၀၀ နှင့် အရံဆီမီး ၂၀၀၀ စုစု​ပေါင်းဆီမီး ၁၁၀၀၀ ပူ​ဇော်ခဲ့ကြကြောင်း ဗုဒ္ဓဘုရားရှင်းရည်စူးပြီး မီးပုံးပျံအလုံးတစ်ရာ​ကျော်ကိုလည်း လွှင့်တင်ခဲ့ကြသည်။

ထို့ပြင် ​ရွှေမြင်းဝန်​စေတီ​တော်မြတ်အား ဆီမီး ၉၀၀၀ ပူ​ဇော်ခြင်းနှင့်အတူ လူမှု​ရေးအသင်းအဖွဲများ ရပ်ကွက်​နေပြည်သူများက စတုဒီသာအလှူ နိမ္ဗာန်​စျေးပွဲ​တော်ကြီးကိုလည်း ကျင်းခဲ့ကြသည်။

ထို့အတူ မြဝတီမြို့ဓမ္မရက္ခိတကုန်း​တော်ရှိဓိဌာန်​အောင်​စေတီ​တော်၊ ကျောက်လုံးကြီးဘုရား၊ ​ရွှေတိဂုံပုံတူ​စေတီတော်၊ ​ဇေယျာ​​အောင်​မြေ မဏိ​ဇောတာရမ သစ်တံခါး​ကျောင်းဝင်းရှိ မဟာမုနိရုပ်ရှင်​တော်၊ ကျိုက်ထီးရိုးပုံတူ​စေတီ​တော်တို့၌လည်း တန်​ဆောင်တိုင်မီးထွန်းပွဲ​တော်ကျင်းပခြင်းနှင့်အတူ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိ​ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group