Myanmar National Post

ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ (၇၇)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော် အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ







ကျိုက်ထို၊ နိုဝင်ဘာ  ၂၅

မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ(၇၇)ကြိမ်မြောက် ဗုဒ္ဓ ပမုခ သံဃိက မဟာဘုံကထိန်ပွဲတော်အား  ၁၃၈၈ ခု တန်ဆောင်မုန်းလပြည့်သာမညဖလ အခါ‌တော်နေ့ဖြစ်သည့်နိုဝင်ဘာ ၂၄ ရက် နေ့လယ်၁၂ နာရီတွင် မြို့နယ်သာသနာ့ဗိမ္မာန်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ရှေးဦးစွာကထိန်သင်္ကန်းကပ်လှူပွဲ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ရတနာကံဦးကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တတိက္ခသာရထံမှ (၅)ပါးသီလ တရားတော်မြတ်အားခံယူဆောက်တည်ခဲ့သည်။

ယင်းနောက် ဘုန်းတော်ကြီး‌ ကျောင်းတိုက်(၅၅) ကျောင်းမှဆရာတော်သံဃာတော်များအား ပြည်သူ့လွှတ်‌‌တော်ကိုယ်စားလှယ်ဦးစိုးလှ၊ ကျိုက်ထိုခရိုင်စီမံခန့်ခွဲ‌ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ  ဥက္ကဋ္ဌ ဦး‌ အေးနိုင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊မဟာဘုံကထိန်ကျင်းပရေးအကျိုးတော်ဆောင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊အလှူရှင်များက ကထိန်သင်္ကန်းများနှင့်ပဒေသာပင်များကိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက်  နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ရတနာကံဦးကျောင်းတိုက် ၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တတိက္ခသာရထံမှ  ကထိန်အနုမောဒနာတရားတော်‌နှင့်ရေစက် သွန်းချတရားတော်အားချီးမြှင့်၍ရေစက်သွန်းချအမျှပေးဝေကာ  အခမ်းအနားကိုဗုဒ္ဓသာသနံ စီရံတိဌတု(၃)ကြိမ်ရွတ်ဆိုသာဓုခေါ်ဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ ကြောင်းသိရသည်။

အဆိုပါ (၇၇)ကြိမ်မြောက် ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတွင် ကျောင်းတိုက်ပေါင်း (၅၅)ကျောင်းမှ ရဟန်း၊သာမ‌ဏေ၊ စုစုပေါင်း (၈၀၀)ပါးခန့်တို့အား ကထိန်သင်္ကန်းများ ဆက်ကပ်ခြင်း၊ ငွေပဒေသာပင်၊ ဆွမ်းဆန်စိမ်း၊ ဆွမ်းနှင့် ဆွမ်းဟင်းများ စုစုပေါင်းတန်ဖိုး ကျပ်သိန်း(၂၀၀၀)ခန့် လှူဒါန်းခဲ့ပါကြောင်း သိရသည်။


ပြည့်ဖြိုး

#Myanmar #News 

မူရင်းသတင်း — Myanmar National Post