ညောင်လေးပင် နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ ဆီမီး ၅၀၀၀၊ မီးပုံးပျံ ၃၀၀ လွှတ်တင်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ည ၇ နာရီမှစတင်၍ ညောင်လေးပင်မြို့ မဟာတိလောကသယမ္ဘူကျောက်တော်ကြီးဘုရား ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ၊ အလှူရှင်နှင့် ဘုရားကြီးဂေါပက အဖွဲ့များက ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ညောင်လေးပင်မြို့ မဟာတိလောကသယမ္ဘူကျောက်တော်ကြီးဘုရား ကျောင်းဝင်းအတွင်း ထိုင်တော်မူဘုရာကြီးရှေ့၌ မီးပုံးပျံ အလုံး ၃၀၀ ကို တာဝန်ရှိသူများနှင့် လုပ်သားပြည်သူများ လွှတ်တင်ပူဇော်ခဲ့ကြောင်း သိရသည်။
၂၁၄