Xinhua Myanmar

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မိုးညှင်းသမ္ဗုဒ္ဓေစေတီ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မုံရွာ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မိုးညှင်းသမ္ဗုဒ္ဓေစေတီ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နိုဝင်ဘာ ၂၄ ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို မုံရွာမြို့နှင့် မိုးညှင်းသမ္ဗုဒ္ဓေစေတီကြီး ဝန်းကျင်ဒေသများမှ ကျေးရွာများအပြင် အဝေးမြို့ရွာများကပါ လာရောက်လောင်းလှူခဲ့ကြကြောင်း သိရသည်။ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မုံရွာမြို့နှင့်ဝန်းကျင်ကျောင်းတိုက်များမှ ပင့်သံဃာအပါး ၁၂၀ ကို အလှူရှင်စေတနာရှင်များက ဆွမ်းဆန်တော်၊ ဝတ္ထုငွေ၊ ခေါက်ဆွဲခြောက်၊ ကြာဆံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ သင်္ကန်း၊ ထီး၊ ဖိနပ်၊ သပိတ်စသဖြင့် လှူဒါန်းဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြခြင်းဖြစ်ပါသည်။ (Xinhua)

မူရင်းသတင်း — Xinhua Myanmar