





ကော့သောင်း၊ နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၅၄)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိပွဲတော်အခါသမယ၊ ဆရာတော် ၊သံဃာတော်ရှင်သူမြတ်များ၊ ရှင်သာမဏေများ၊ သီလရှင်များအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို ကော့သောင်းမြို့ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ကျင်းပသည်။
အဆိုပါ ဆွမ်းဆန်စိမ်းများလောင်းလှူပွဲတွင် ကျောင်းတိုက်အလိုက် ပဒေသာပင်နှင့် အလှူတော်ငွေများအား စာရေးတံမဲနှိုက်၍ ဆက်ကပ်လှူဒါန်းကြပြီး ကော့သောင်းမြို့နယ်အတွင်းမှ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊သံဃာတော်၊ရှင်သာမဏေများ၊ သီလရှင်များ စုစုပေါင်း (၁၁၆၁ )ပါးတို့က ပြည်တော်အေးသာသနာ့ဗိမာန်တော်မှ ကော့သောင်းမြို့၊နာရီစင် တစ်လျှောက်အလှူခံကြွချီကြရာ စစ်ဗျူဟာ အဖွဲ့(အခြေချ) ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ကော့သောင်းမြို့နေပြည်သူများက ဆွမ်းဆန်စိမ်းများ၊ လှူဝယ်ဝတ္ထု/ပစ္စည်းများ လောင်းလှူခဲ့ကြသည်။
#News #Myanmar