
သုတကျော် (NP News) - နိုဝင်ဘာ ၂၅
ကျုံဒိုးမြို့သည် ကရင်ပြည်နယ်အတွင်းက မြို့တစ်မြို့ဖြစ်ပြီး စစ်ဘေးစစ်ဒဏ်ကို ခံခဲ့ရသည်။ စစ်ဘေးသည် ကျုံဒိုးမြို့ကို ရိုက်ခတ်ခဲ့သည်။ ယခုအခါ မြို့အခြေအနေကား တိုးတက်လာပေပြီ။ လုံခြုံရေးလည်း ကောင်းမွန်ပေပြီ။ သို့သော် လိုအပ်ချက်အချို့ ရှိနေသေးသည်။ မည်သို့ပင်ဆိုစေကာမူ မငြိမ်းချမ်းခဲ့သော ဒေသအတွက် ငြိမ်းချမ်းရေး ရောက်လာသောအခါ၊ ကျယ်လောင်သောလက်နက်ကြီးသံအစား ဆိုင်ကယ်သံ၊ ကားသံ တဝီဝီဖြစ်လာသောအခါ ယင်းသည် ဒေသခံတို့အတွက် ဆုလာဘ်တစ်ခုထက် ပိုပေပြီ။ အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ ဒေသခံတစ်ဦးထံ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး- ကျုံးဒိုးနဲ့ပတ်သက်လို့ ထင်ရှားတဲ့ပွဲတော်တစ်ခု လောက် အရင်ပြောပြပေးပါလား။
ဖြေ- ရသေ့ကျောင်းဆိုတာ ကျွန်တော်တို့ကျုံဒိုးမှာ အစ်ကိုတို့ကြားဖူးမှာပေါ့။ တစ်နှစ်တစ်ကြိမ်တော့ မီးပုံ ပွဲလုပ်တယ်။ ကရင်ပြည်နယ် တစ်နယ်လုံးလိုလိုလာကြတာ ကျုံဒိုးမီးပုံပွဲကိုလေ။ ကျွန်တော်တို့ ရောက်ရာအရပ်ဒေသ ဥပမာ ထိုင်းကို ရောက်နေတဲ့ကလေးအ တော်များများဆိုရင် အကုန်လုံးပြန်လာကြပြီး မီးပုံပွဲကန်တော့ကြတာပေါ့နော်။ နှစ်စဉ်နှစ်စဉ် တိုင်း ဖေဖော်ဝါရီလဆိုရင် အဓိက တပို့တွဲလပြည့်နေ့ကို ကျွန် တော်တို့က ဒီမီးပုံတွေမီးရှို့တာကိုး။ အဲဒီမတိုင်ခင်မှာ ကျွန်တော်တို့ ကျုံဒိုးမီးပုံပွဲကို ကရင်ပြည်နယ်တစ်ပြည် နယ်လုံးလိုလိုကလာတာ။ အဲဒီမြို့ရွာ မီးပုံပွဲကလည်း (၂၀ဝ) ကျော်သွားပြီလေ အကြိမ်ရေက။ ဒီနှစ်ရောဆို (၂၀၂)ကြိမ်တဲ့။ ပြီးခဲ့တဲ့နှစ်က (၂၀၁)ဆိုတော့။
မေး- ပြီးခဲ့တဲ့နှစ်တွေကကော လုပ်နိုင်လား။ ကြားထဲ ဘယ်နှနှစ်လောက် ပျက်သွားသေးလဲ။
ဖြေ- ကျွန်တော်တို့ နှစ်စဉ်တော့လုပ်ရတယ်။ (၂၀၂၀) ကစပြီးတော့ အခု ပြီးခဲ့တဲ့နှစ်အထိတော့ အထိမ်းအမှတ်က တော့လုပ်ရတယ်ပေါ့။ မလုပ်လို့မရ ဘူး။ မီးပုံပွဲကတော့ နှစ်စဉ်မီးရှို့ရတယ်။ (၂၀၂၀)ရှေ့ပိုင်းတုန်းကတော့ ကျွန်တော်တို့ စတိတ်ရှိုးတွေပါ တယ်။ ပွဲဆိုရင် ကရင်ဇာတ်၊ ဗမာဇာတ်၊ မွန်ဇာတ် သုံးဇာတ်နဲ့ စတိတ်ရှိုးထည့်တယ်။ အဲဒီစတိတ်ရှိုး ဆိုတာလည်း တစ်နှစ်ကဆို လေးဖြူတို့ ဖြူဖြူကျော် သိန်းတို့တောင်မှ ကျွန်တော်တို့ကျုံဒိုးက ရုံမသွင်းဘူး၊ Free နဲ့ ပြတာ။ ဖြူဖြူကျော်သိန်းကဆို သူအနုပညာ လုပ်တဲ့တစ်လျှောက်လုံးမှာ ဒီလိုဗလာပွဲပြတာ ဒီမြို့ပဲရှိဖူးတယ်ဆိုပြီးပြော တယ်။ တော်တော်ကြီးကို နာမည်ကြီးတဲ့အဆိုတော်တွေပါတယ်။ အဲဒါ ကျုံဒိုးက ရုံသွင်းပြတာမဟုတ်ဘူး ဗလာပြတာ။ ကျွန်တော်တို့ မီးပုံပွဲက နှစ်စဉ် တပို့တွဲလပြည့်နေ့ညဆို မီးရှို့တယ်။ အနည်းဆုံး (၅)ရက်လောက်လုပ်တာပေါ့နော် အရင် တုန်းကတော့။ အခုကတော့ သုံးနှစ်လောက်ရှိပြီ။ အဖျက်အမှောင့်တွေရှိတဲ့အခါကျတော့ နှစ်စဉ်က တော့ ကျွန်တော် မီးပုံတိုင်ထောင် မီးရှို့ရတယ်။ နှစ်စဉ်ကတော့ အထိမ်းအမှတ်အရ လုပ်ရတယ်။ တရား နာတယ်။ မီးပုံတိုင်ထောင် မီးရှို့ရတယ်။ နှစ်စဉ် တစ်ခါ မှမပျက်ဖူးဘူးပေါ့နော်။ နောက်ပြီးတော့ ဒီနှစ်စဉ် မြို့ မိမြို့ဖလိုဆရာတော်က ဒီတက်တဲ့ မီးညွန့်ပေါ်မူတည် ပြီးတော့ မြို့ပေါ် အန္တရာယ်ကျနိုင်တယ်၊ မကျနိုင်ဘူး ဆိုတဲ့အနေအထားတွေကို အတပ်ပြောတယ်။ နောက် တစ်ခုချီးကျူးစရာကောင်းတာက မီးက ပေ (၄၀)၊ (၅၀) လောက်တက်တာပေါ့နော်။ အဲဒီ ပေ (၄၀)၊ (၅၀) လောက်တက်တဲ့အပေါ်မှာ အဲဒီ သူရှို့တဲ့အပေါ်မှာ သစ်ပင်တစ်ပင်က ခြောက်မသွားဘူး အရွက်တွေ ကလေ။ မနေ့က ကျွန်တော်တို့ ရသေ့ကျောင်းကထိန် မှာဆိုရင် ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပိုက်ဆံကျဲတယ်၊ ရွှေကလစ်လေးတွေ ထည့်ကျဲတယ်။ (၅)သောင်း၊ (၁) သိန်းလောက်တော့တန်တာပေါ့နော်။ ရတဲ့သူတွေ ရ ကြတယ်။
မေး- အဲဒါဆို ဒီနှစ်လုပ်မယ့်မီးပုံပွဲကလည်း ပြီးခဲ့တဲ့ နှစ်တွေလိုမျိုး စည်စည်ကားကားကြီးပြန်ဖြစ်မယ့် အနေအထား ရှိတာပေါ့။
ဖြေ- အဲဒါကတော့ ဆရာတော်အပေါ် မူတည်တာပေါ့နော်။ ဆရာတော် နောက်ပြီး အရင်တုန်းက နှစ်တွေ ကဗျာ (၂၀၂၀)လောက်က ကိုချစ်သူရယ်၊ ကိုမုတ် သုန်ရယ်၊ စောတင်ဝင်းရယ်၊ သူတို့က တစ်လှည့်စီ ဦး ဆောင်ပြီးလုပ် သွားကြတာ။ နောက်ပြီး ကိုချစ်သူလုပ် တယ်ဆို ကိုချစ်သူက သိန်း (၅၀ဝ)အနည်းဆုံး မတည်တယ်။ ကိုမုတ်သုန်ဆို ကိုမုတ်သုန်က အနည်းဆုံး (၅၀ဝ) မတည်တယ်။ အဲဒီလိုပုံစံမျိုး လုပ်တာပေါ့။ နှစ်စဉ် ရိုးရာမီးပုံပွဲဆိုတော့ ဧက (၂၀) လောက်ရှိတယ် ပေါ့နော် အကုန်လုံးက။ ကျွန်တော်တို့ ပေါက်မဲတွေပါ လုပ်တယ်။ နောက် ကားတွေဖောက်တယ်၊ ဆိုင်ကယ် တွေဖောက်တယ်။ ပြည်နယ်အဖွဲ့အစည်း လိုင်စင် ကားတစ်စီး ဖောက်တယ်။ နောက် နိုင်ငံတော်လိုင်စင် ကားတစ်စီး ဖောက်တယ်။ ကား နှစ်စီးရှိတယ်။ ဆိုင် ကယ် လေး၊ ငါး စီးလောက်ပါတယ်။ ကျန်တဲ့ဟာတွေ ကတော့ အများကြီးပေါ့။ မဲတစ်စောင်ကို (၁၅၀ဝ)၊ (၂၀ဝဝ)နဲ့ရောင်းတယ်။ အရင်တုန်းကတော့ ကိုချစ် သူတို့ ကိုမိုးသုန်တို့ ဦးစီးလုပ်တယ်။ နှစ်စဉ်ရိုးရာပွဲ ဆိုတော့ တစ်ခါတလေကျတော့လည်း လောင်းကစား လေဝိုင်းတွေ ဂလုံးဂလုံးဆွဲတာတို့၊ လေးကောင်ဂျင်တို့ အဲဒီဟာတွေတော့ ပုံမှန်ထည့်တာပေါ့နော်။ အခု အွန်လိုင်းလိမ်လည်တာတွေခေတ်စားနေတော့ ဒီနှစ် လုပ်ရင် ထည့်၊ မထည့် မသိဘူးပေါ့နော်။
မေး- လက်ရှိ ကျုံဒိုးမြို့အခြေအနေက ဘယ်လိုဖြစ် သွားပြီလဲ။
ဖြေ- ကျုံဒိုးက အခုတော်တော်ကြီးကို ပြန်စည်နေတာ။ တော်တော်ကြီးဆိုတာ အရင်တုန်းကနီးပါးကို (၈၀) ရာခိုင်နှုန်းလောက် အကုန်လုံးပြန်ရောက်တယ် လေ။ အကုန်လုံးတော်တော်များများလေ။ တချို့ကျ တော့ ဘားအံတို့ ဘာတို့မှာ ဆင်းဖွင့်တယ်။ မီးသတ်၊ အရောင်းဆိုင်တို့ဘာတို့ ဟိုမှာအခြေချပြီးတော့ ဒီဘက်ကိုပြန်မရောက်သေးတာ တော်တော်ကတော့ ပြန်စည်ကုန်ပြီ။ တော်တော်ကြီးကို ပြန်စည်သွားပြီပေါ့။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ဒီသင်္ချိုင်းကို နည်းနည်း ပြန်တောင်းဆိုနေကြတာပေါ့နော်။
မေး- ဘယ်လိုမျိုးလဲ။
ဖြေ- သင်္ချိုင်းက လောလောဆယ် မြှုပ်ခွင့်မရသေး တာပေါ့။ ကျွန်တော်တို့ယုံကြည်တာကတော့ အဲဒီနား မှာ မိုင်းတွေဘာတွေတော့မရှိနိုင်ပါဘူး။ ကျွန်တော် တို့ယုံကြည်တာပေါ့နော်။ တပ်ကတော့ စစ်သဘော အရ စိတ်ပူတာ ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်။
မေး- အခုလက်ရှိ အဲဒီမှာမမြှုပ်ရတော့ ဘယ်မှာသွား ပြီးမြှုပ်နေကြလဲ။
ဖြေ- ကျွန်တော်တို့ ကျုံဒိုးကနေပြီးတော့ ဘားအံ ဘက်ခြမ်းကိုထွက်တဲ့ ဂျိုင်းတံတားကို ကျော်ရတယ်။ အဲဒီဂျိုင်းကြိုး တံတားကိုကျော်ပြီး ရိုးမသင်္ချိုင်းကို သွားမြှုပ်ရတယ်။ အဲဒီမှာကျတော့ သူတို့ကလည်း တော် တော်ငြိုငြင်နေပြီ။ ကျွန်တော်တို့ ကရင်အချင်းချင်း လည်းဖြစ်တယ်။ နောက် ကျုံဒိုးမြို့မှာလည်း သူတို့က တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်ပတ်သက်နေ တော့ သူတို့ အဲဒီရပ်မိရပ်ဖတွေက မကန့်ကွက်ကြ တော့ သူတို့က တော်တော်ကြီးကို ရွာသူရွာသား ကန့် ကွက်ဖို့တောင်လုပ်နေပြီ။ သူတို့ကလည်း သိပ်ပြီး အဆင်ပြေကြတော့ဘူး။ အဲဒီ ရိုးမသင်္ချိုင်း သူတို့ရွာ သင်္ချိုင်းကို မြှုပ်နေတာဆိုတော့လေ။
မေး- နယ်မြေအခြေအနေကတော့ ကကော။
ဖြေ- အခုတော့ ပြန်အေးသွားတာ ကြာပြီ။ ဘာသံမှ ကိုမကြားတော့ဘူး။ ပစ်သံ ခတ်သံလည်း ဘာမှကို မကြားတော့ဘူး။ သုံးလကျော် လေးလလောက်၊ ရှင်း ရှင်းလင်းလင်းဆို လေးလလောက်ဖြစ်သွားပြီပေါ့။
မေး- ကျုံဒိုးတစ်ခွင်မှာ အခုက ဘာမှမရှိတော့ဘူးပေါ့ နော်။
ဖြေ- ကျုံဒိုးတစ်ခွင်မှာ မရှိတော့ဘူး တော်တော်ကြီးကို မရှိသလောက်ပဲ။ အသံဗလံကိုမရှိတော့ဘူး။ ကျွန် တော်တို့ တစ်ခါ ကော့ကရိတ်ကနေပြီးတော့ အထိုင် တပ်ကနေလှမ်းပစ်တာ ဘယ်ကိုပစ်လဲဆိုတော့ ကုလားကျောက်ဖျာဆိုတာရှိ တယ်။ ကျုံဒိုးရဲ့ဟိုဘက် ကမ်းမှာပေါ့နော်။ ကျုံဒိုးနဲ့ဆိုရင် ဆယ်မိုင်ကျော် လောက်ဝေးမယ်။ အနည်းဆုံးပြောတာပေါ့ နော်။ ဆယ်မိုင်တောင် မကလောက်ဘူး။ (၁၄) မိုင်လောက် ဝေးမယ်။ အဲဒီကုလားကျောက်ဖျာတို့ ဘာတို့မှာ ဒီ ကောင် တွေ သွားအခြေချနေကြတယ်။ ကုလား ကျောက်ဖျာဆိုတာ ဒေါနတောင်ခြေမှာ။ အဲဒီရွာတွေ လောက်မှာပဲ အခြေပြုနေ တယ်။ ကျွန်တော်တို့ ကျုံဒိုး ပတ်လည်မှာတော့ တော်တော်ကြီးကို နယ်မြေ အေးသွားတာပေါ့။ အရင် PDF ထောက်ခံတဲ့ရွာတွေ ဘာ တွေ တချို့တော့ ပေးမဝင်သေးတာရှိတာပေါ့။
မေး- အခု အဲဒီကုလားကျောက်ဖျာဘက်မှာ ဘယ်သူ တွေ ရှိနေတာလဲ။
ဖြေ- အဲမှာက အဓိကကတော့ ဟိုကရင်နီဆက်စပ်နဲ့ PDF လက်ကျန်တွေ အဲဒီမှာပဲအခြေချနေတယ်။ သူတို့ကျ တော့လွတ်တယ်။ လွတ်တယ်ဆိုတာ ကုလားကျောက်ဖျာကိုသွားဖို့ကျတော့ တောင်လေးတွေ ကျော်ရတယ်။ သွားဖို့လာဖို့ နည်းနည်းခက်တယ် အစ်ကို။ စစ်ကြောင်းတွေ လွတ်လွတ်လပ်လပ်သွား လို့မရဘူး။ ကရင် ကျောက် ဖျာရှိတယ်။ ကုလားကျောက်ဖျာ ရှိတယ်။ ကုလားကျောက်ဖျာမှာကျတော့ ဒီကောင်တွေ ရှိတယ်။ တစ်ခါတလေကျရင် တပ်က အဲဒီဘက်ကို လက်နက်ကြီးနဲ့ အမြဲတမ်းလှမ်းပစ်တယ် အဲဒီ ကျောက်ဖျာကိုလေ။
မေး- အခု (၈၀)ရာခိုင်နှုန်းလောက် ပြန်ဝင်လာကြပြီ ဆိုတော့ ဒီပြန်ဝင်လာတဲ့လူတွေကော အေးချမ်းသွား ပြီလို့ သူတို့စိတ်ထဲမှာ အပြည့်အဝ ယုံကြည်မှုရှိနေလား။ ကိုယ်တိုင်ကော ယုံကြည်မှုရှိနေလား။
ဖြေ- ယုံကြည်မှုရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အရင်ကဆို ကိုယ့်အိမ်ကိုယ်သွားတာ တစ်ညအိပ် နှစ်ညအိပ်ပဲ။ အခုဆို ကျွန်တော် တစ်ပတ်လောက် နေတယ်။ အေးအေးဆေးဆေးပဲ။ အဲဒီမှာ အခု ရွှေဆိုင်တွေဆိုလည်း ရွှေဆိုင်တိုင်းလိုလို အကုန်ပြန်ဖွင့် ကုန်ကြပြီ။ ရွှေဆိုင်တော်တော်များကလေ။ ကျုံဒိုးဈေး ဆိုလည်း အကုန်လုံး ပြန်ပြီးဖွင့်နေကြပြီ။ ကျုံဒိုးဈေးဆို ရင် ညနေ(၃)နာရီလောက်အထိဖွင့်တာပေါ့နော်။ ပုံမှန်ပေါ့ မနက်စောစောကနေ (၃) နာရီလောက်ထိ ဖွင့်တယ်။ ကျုံဒိုးဈေးကလည်း အကြီးကြီးပါ။
မေး- ခုနကတော့ ငြိမ်ချမ်းမှုပေါ့လေ။ ဆိုတော့ လူ တွေရဲ့ လူမှုစီးပွားဘက်မှာကော တဖြည်းဖြည်းနဲ့ ပြန် တက်လာပြီလား၊ ဘယ်လိုမြင်မိလဲ။
ဖြေ- ပြန်တော့ တက်လာပါပြီ။ ကျွန်တော်တို့ ဒီမြို့မှာ တော့ မြို့ဈေးတော့ ပြန်ဖွင့်ပြီပေါ့။ ဖွင့်ပေမယ့်လို့ ပတ် လည်ရွာလေးတွေက ကျုံဒိုးမြို့ပတ်လည်ရွာလေးတွေက လူဝင်ထွက်နည်းတဲ့အခါကျတော့ ဟို ဈေးက တော့ မြို့သူမြို့ သားလောက်နဲ့ပဲ စည်တာပေါ့နော်။ အရင်တုန်းက မနက်ဆိုရင်လည်း အရမ်းကိုစည်တဲ့ မြို့က ကားမောင်းရင်တောင် သတိထားမောင်းရတယ်။ ပတ်လည်ရွာတွေက မိုးလင်းတာနဲ့ရောက်တာကိုး။ အခုက ပတ်လည်ရွာတွေက လူဝင် လူထွက်နည်းသွား တဲ့အခါကျတော့ မြို့ဈေးက အစည်တော့နည်းသွား တာပေါ့။ ဒါပေမဲ့ မြို့ကတော့ တစ်မြို့လုံးလို လိုပြန်ဝင် နေပြီပေါ့။ အခုမနေ့က ကထိန်ဆိုရင် ခြိမ့်ခြိမ့်သဲ စည် တာလေ။
မေး- လူတွေရဲ့စိတ်သဘောထားကကော ဘယ်လိုရှိ လဲ။ ပြောင်းသွားသလား။ ပုဂ္ဂလိကအမြင်က ဘယ်လို ရှိပါလဲ။
ဖြေ- တစ်ခါတစ်ခါကျ လိုင်းပေါ်လည်း ကောလာဟ လနဲ့ပေါ့။ ကောလာဟလကျတော့ ဒီမြေယာတွေကို တော့ တချို့ကျတော့လည်း ဥပမာ လူ (၁၀ဝ)ဆိုရင် (၉၀) ရာခိုင်နှုန်းလောက် ပြန်ရောက်တယ်။ ဆိုတော့ (၁၀)ရာခိုင်နှုန်း လောက်ကတော့ ဒီနွေကို တစ်ချက် လောက်စောင့်ကြည့်တာပေါ့။ ကျွန်တော်တောင်မှ အဲဒီမှာအဆောက်အအုံတစ်ခု ဆောက်လက်စနဲ့။ သူငယ်ချင်းက ဒီနွေ တစ်ချက်စောင့်ကြည့်ပါလားတဲ့ ဘာလုပ်ဦးမှာလဲပေါ့။ တချို့ကျတော့လည်း သို့လော သို့လောနဲ့ အဲဒီလိုလေးတွေ စိတ်ထဲမှာတော့ နည်း နည်းလေးဖြစ်ကြတာပေါ့နော်။ မယုံမရဲလေးတွေပေါ့ နော်။
မေး- ခြုံပြောရရင် ဒီလူတွေမှာ စိတ်ဒဏ်ရာတော့ ရှိ နေသေးတာပေါ့။
ဖြေ- စိတ်ဒဏ်ရာတော့ နည်းနည်းပါးပါးရှိတယ်။ အရင်က ရပ်ကွက်ထဲကျတာမျိုးရှိခဲ့တယ်။ အဲဒါမျိုး လေးတွေရှိတဲ့အခါကျတော့ ပြည်သူက နည်းနည်း လေးတော့ လန့်တာပေါ့နော်။
မေး- ဆိုတော့ အခုက မလုပ်တာတော့ကြာပြီ။ လုပ် တယ်ဆိုလို့ရှိရင်လည်း အဲဒီကုလားကျောက်ဖျာဘက် ကပဲ လုပ်နေတာပေါ့နော်။
ဖြေ- အဲဒီဘက်ကတော့ များတယ်။
မေး- ဒါကတော့ နောက်ဆုံးမေးခွန်းပါ။ ကျုံဒိုးမြို့ ခံတွေက အေးချမ်းမှုကိုဆက်ပြီးတော့ လိုလားသလား ပေါ့။ ကျုံဒိုးမြို့ခံတွေရဲ့ဆန္ဒကို ကိုယ်စားပြုပြီးတော့ ဖြေပေးပါဦး။
ဖြေ- အခု ဒီနယ်မြေအနေအထားအရ အခုလို အမြဲ ပြေးလွှားနေရတဲ့အတွက် ကိုယ်က ငြိမ်းချမ်းမှုကိုလုံးဝ လိုလားတယ်။ နောက်ပြီး ကရင်အတော်များများကို လည်း သူတို့နီးစပ်သလောက် သူတို့ ကရင်အချင်းချင်း စည်းရုံးတယ်။ အနှောင့်အယှက်မလုပ်ဖို့ ဒီဘက်ကို ပြန်လာဖို့ တော်တော်များများပြောတယ်။ ခက်တာက အဲဒီ PDF နဲ့တွဲလာမှ ဒီကောင်တွေကို ထိန်းမနိုင် သိမ်းမနိုင်နဲ့။ ဒီကောင်တွေက နည်းနည်းရိုင်းတာ ဗမာ PDF ကပေါ့နော်။ ကရင်တော် တော်များများက အဲဒီလောက်ကြီးမရိုင်းဘူး။ ကရင်ကနေပြီးတော့ ပတ် ပတ်လည်ရွာကို သူတို့ (၁၀)ယောက်တန်သည်၊ (၁၅) ယောက်တန်သည် ရောက်လာတယ်။ ရွာကို ထမင်း၊ ဟင်းတောင်းတယ်။ ကရင်က ငါးပိရည်နဲ့ပို့ပို့၊ ဘာနဲ့ ပို့ပို့စားတယ်။ အဲဒီကောင်တွေက မစားဘူး။ ကြက် သား၊ ဝက်သားမပါရင် လာပို့တဲ့လူကို ရိုက်ကိုရိုက် လွှတ်တာ ပြောတယ်။ လက်အောက်ငယ်သားအတော် များများက PDF နဲ့သိပ်မတည့်ကြဘူး။ အပေါ်က ထိန်းထားလို့သာ။ အခု ပြည်သူကတော့ လုံးဝ Wanted ပေါ့။ အခုဆိုရင် ဆေးဆိုင်တွေ၊ အထည်ဆိုင် ပြန်ဖွင့်ကုန်ကြပြီ ဆိုင်တော်တော် များများကလေ။ ကျုံဒိုးမြို့က အကုန်လုံးပြန်စည်နေပြီ။ အဲဒါ သင်္ချိုင်း လေးပြန်ဖွင့်ပေးရင်တော့ အဆင်ပြေတာပေါ့။ ဖွင့် တော့ ဖွင့်မယ်ထင်ပါတယ်။ အဲဒီလောက်ကြီး လူစည် နေတယ်ဆိုတော့လေ။ ဝန်ကြီးချုပ်လည်း ပြန်တော့ ကြည့်မယ်ထင်ပါတယ်။
ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။