ရန်ကုန် နိုဝင်ဘာ ၂၄
မွန်တိုင်းရင်းသားများသည် ဆယ့်နှစ်လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလပြည့်နေ့တွင် ဆီမီးထွန်းညှိကြသည့်ဓလေ့ကို ယနေ့တိုင်ကျင်းပလျက်ရှိရာ တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် မွန်စာပေယဉ်ကျေးမှုကော်မတီ(ရန်ကုန်)တို့ ပူးပေါင်း၍ ရွှေတိဂုံစေတီတော်၌ မွန်လူငယ်မောင်မယ်များက စေတီတော်မြတ်ကြီးအား ဆီမီးထွန်းညှိပူဇော်ကြသည်။
လှည့်လည်ပူဇော်
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ မွန်ရပ်မိရပ်ဖ၊ လူငယ်မောင်မယ် ၂၅၀ ခန့်သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်ကြပြီး အရှေ့မြောက်ထောင့်၌ ဆီမီးထွန်းညှိပူဇော်ကြကြောင်း သိရသည်။
မျိုးမင်းသူရ