
ဝူရှီး၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အသွင်ဖြင့် ဖန်တီးပုံဖော်ထားသည့် ကောင်းကင်ဘုံမှ နတ်သမီးများကို မြင်ဖူးပါသလား။ တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဝူရှီးမြို့ရှိ လျင်ဆန်းရှုခင်းသာဧရိယာတွင် တင်ဆက်ပြသသည့် "ကျီရှန် ယွမ်" (မင်္ဂလာဆုမွန်ကောင်းများ) အမည်ရှိ ဖျော်ဖြေပွဲ၌ ပျံသန်းနေသော အပ္ပသရာနတ်သမီးများ၏ အလှတရားကို စင်မြင့်ထက်တွင် သက်ဝင်လှုပ်ရှားစွာ မြင်တွေ့နိုင်သည်။
တရုတ်နိုင်ငံသို့ ဗုဒ္ဓသာသနာ စတင်ရောက်ရှိလာချိန်မှစ၍ ရာစုနှစ်များစွာတစ်လျှောက် ပြောင်းလဲတိုးတက်လာခဲ့သည့်တိုင် ပျံသန်းနေသော အပ္ပသရာနတ်သမီးပုံရိပ်များမှာ တရုတ်နိုင်ငံ သွန်းဟွမ်မြို့မှ လိုဏ်ဂူများရှိ နံရံဆေးရေးပန်းချီများထက်ဝယ် နှစ် ၂,၀၀၀ နီးပါးတိုင်အောင် တင့်တယ်စွာ တည်ရှိလာခဲ့သည်။ (Xinhua)
..........................................
(English Version)
Flying Apsaras come to life on stage in China's Jiangsu
Ever seen China's version of heavenly angels? At Lingshan Scenic Area in Wuxi, China's Jiangsu, the show "Jixiang Yuan" (Auspicious Wishes) brings the beauty of the Flying Apsaras to life on stage. Evolving over centuries since Buddhism was first introduced to China, the Flying Apsaras have adorned the murals of China's Dunhuang Grottoes for nearly 2,000 years. ■