Yo Yar Lay

ချစ်သူသက်တမ်း ၃ နှစ်ကျော်အကြာမှာ လမ်းခွဲလိုက်ကြတဲ့ ကိုရီးယားအနုပညာရှင်စုံတွဲ

ကိုရီးယားမင်းသားချော လီဒိုဟွန်း နဲ့ မင်းသမီးချော လင်မ်ဂျီယွန်း တို့ဟာ လမ်းခွဲလိုက်ကြပါပြီ။ သူတို့နှစ်ဦး မကြာသေးခင်ကမှ ဆက်ဆံရေးကို အဆုံးသတ်လိုက်တာဖြစ်တယ်လို့ သတင်းမီဒီယာတွေက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ကြပါတယ်။

သတင်းထွက်ရှိပြီးနောက် လီဒိုဟွန်း ရဲ့အေဂျင်စီက သူတို့နှစ်ဦး လမ်းခွဲလိုက်တာမှန်ကြောင်း၊ တစ်ဦးကိုတစ်ဦးအားပေးကူညီပေးမယ့် လုပ်ဖော်ကိုင်ဖက်ကောင်းတွေအဖြစ် ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ကြကြောင်းအတည်ပြုပေးခဲ့ပါတယ်။

လင်မ်ဂျီယွန်း ရဲ့အေဂျင်စီကလည်း ဒါဟာ မင်းသမီးရဲ့ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တဲ့အတွက် လမ်းခွဲရတဲ့အကြောင်းအရင်း စတဲ့ အသေးစိတ်အချက်လက်တွေကို အတည်ပြုပေးဖို့ ခက်ခဲကြောင်း၊ ဒီအချက်ကို နားလည်ပေးကြဖို့ မေတ္တာရပ်ခံကြောင်း၊ မင်းသမီးရဲ့ရှေ့ဆက်လုပ်ဆောင်မယ့်လှုပ်ရှားမှုတွေအပေါ် ဆက်လက်စိတ်ဝင်စားပြီး အားပေးထောက်ခံပေးကကြဖို့ တောင်းဆိုလိုကြောင်း ပြောကြားသွားခဲ့ပါတယ်။

မင်းသား လီဒိုဟွန်းနဲ့ မင်းသမီး လင်မ်ဂျီယွန်း တို့ဟာ ၂၀၂၂ ခုနှစ်ရဲ့ The Glory စီးရီးကတဆင့် ရင်းနှီးကျွမ်းဝင်လာခဲ့ကြပြီး ၂၀၂၃ ခုနှစ် ဧပြီလမှာ သူတို့ရဲ့ချစ်သူဆက်ဆံရေးကို တရားဝင်အတည်ပြုပေးခဲ့ကြတာပါ။

Ref: Lim Ji Yeon And Lee Do Hyun Confirm Breakup

Team (ရိုးရာလေး)

မူရင်းသတင်း — Yo Yar Lay