ပူတာအို နိုဝင်ဘာ ၂၄
ကချင်ပြည်နယ် ပူတာအိုမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မဟာမြတ်မုနိဘုရားကြီး၏ (၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ကထိန်အလှူတော်မင်္ဂလာနှင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားကြီး၏ ပရိဝုဏ်၌ ကျင်းပသည်။
ဦးစွာ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် တိုင်းခမ်းတီ ဗုဒ္ဓဘာသာဝင်များစုပေါင်းကာ စုပေါင်းမဟာဘုံကထိန်အလှူတော် ပဒေသာပင်များကို မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည် ပူဇော်ကြပြီး ညပိုင်းတွင် ရှေးဟောင်းသမိုင်းဝင် မဟာမြတ်မုနိဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ပန်းလှိုင်၊ မုဒုံ၊ လုံးစွတ်၊ ဟိုဖိုင်ကျေးရွာများက ဦးဆောင်၍ ခမ်းတီလုန်ဒေသရှိ ဗုဒ္ဓဘာသာဝင်များ စုပေါင်းကာ မသိုးသင်္ကန်းရက်လုပ်၍ ကထိန်အလှူတော် ဆက်ကပ်ပူဇော်ခြင်း၊ ရွှေဆိုင်းသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ သံဃာတော်အရှင်သူမြတ်များက မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဂန္ဓကုဋိကျောင်းဆောင်ကြီး ပြီးမြောက်နိုင်ရန် အလှူငွေများ ဆက်ကပ် လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာနှင့် ကျောင်းဆောင်ပြီးမြောက်နိုင်ရေးအတွက် ပါဝင်လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)