ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၌ တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။
ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာ ရောက်ကြသူများသည် မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၌ အရုဏ်ဆွမ်းကပ်ခြင်း၊ ဥပုသ်သတင်းသီလ ဆောက်တည်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ ပရိတ်/ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ နဂါး စာကျွေးခြင်းတို့ကို ပြုလုပ်ကြသည့်အပြင် ပင်လယ်ကမ်းခြေ၏ သဘာဝအလှများကို ကြည့်ရှုခံစားပြီး ငွေတောင်ရေချိုးဆိပ်တွင် ရေချိုးအပန်းဖြေခြင်း၊ ဟိုင်းကြီးကျွန်းပေါ်ရှိ သမိုင်းဝင်နေရာများနှင့် ဘုရားစေတီပုထိုးများအား သွားရောက်ဖူးမြော်ခြင်း၊ ကျောက်ကလပ်သို့ သွားရောက်၍ အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကြခြင်းတို့ဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်