Xinhua Myanmar

၂၈ ကြိမ်မြောက် ဟားအယ်ပင်း ရေခဲနှင့် ဆီးနှင်းကမ္ဘာအတွက် ဟားအယ်ပင်းမြို့၌ ရေခဲသိုလှောင်နေရာ စတင်အသုံးပြု

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ ဟားအယ်ပင်း ရေခဲနှင့် ဆီးနှင်းကမ္ဘာအတွက် ရေခဲသိုလှောင်ရာ နေရာတစ်ခု၏ မြင်ကွင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့ရှိ နာမည်ကျော် ရာသီအလိုက် အပန်းဖြေဥယျာဉ်တစ်ခုဖြစ်သည့် ၂၈ ကြိမ်မြောက် ဟားအယ်ပင်း ရေခဲနှင့် ဆီးနှင်းကမ္ဘာ၏ ရေခဲသိုလှောင်ရုံကို အဆိုပါနေရာ၌ နိုဝင်ဘာ ၂၄ ရက်က တရားဝင် စတင်အသုံးပြုခဲ့သည်။ အပန်းဖြေဥယျာဉ်အတွင်း ရေခဲတည်ဆောက်ရေးလုပ်ငန်းများကို မကြာမီ စတင်တော့မည်ဖြစ်သည်။ ယခုနှစ်တွင် အပန်းဖြေဥယျာဉ်ဧရိယာကို စတုရန်းမီတာ ၁.၂၅ သန်းအထိ တိုးချဲ့ထားပြီး ရေခဲနှင့် ဆီးနှင်းစုစုပေါင်း ကုဗမီတာ ၄၀၀,၀၀၀ အသုံးပြုသွားမည်ဖြစ်ရာ ယခင်ကျင်းပခဲ့သည့် အကြိမ်များထက် အတိုင်းအတာပမာဏအားဖြင့် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ ဟားအယ်ပင်း ရေခဲနှင့် ဆီးနှင်းကမ္ဘာအတွက် ရေခဲသိုလှောင်ရာ နေရာတစ်ခုတွင် ရေခဲတုံးများ သယ်ဆောင်လာသော အင်ဂျင်နီယာလုပ်ငန်းသုံး ယာဉ်များကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

.................................

(English Version)

InPics | Harbin activates ice storage for the 28th Harbin Ice-Snow World

HARBIN, Nov. 24 (Xinhua) -- The ice storage of the 28th edition of the Harbin Ice-Snow World, a renowned seasonal theme park in Harbin, was officially put into use here on Tuesday. The ice construction work at the park is set to start shortly. The park has been expanded to 1.25 million square meters this year, with a total ice and snow usage of 400,000 cubic meters, setting a new record in scale among previous editions.

Photo caption 1: An aerial drone photo taken on Nov. 24, 2026 shows a scene at an ice storage site for the Harbin Ice-Snow World in Harbin, northeast China's Heilongjiang Province. (Xinhua/Zhang Tao)

Photo caption 2: An aerial drone photo taken on Nov. 24, 2026 shows engineering vehicles transporting ice cubes at an ice storage site for the Harbin Ice-Snow World in Harbin, northeast China's Heilongjiang Province. (Xinhua/Zhang Tao)

မူရင်းသတင်း — Xinhua Myanmar