
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်–မွန်ဂိုလီးယား–ရုရှား အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထား V3/4 သည် ပထမအသုတ် ခရီးသွားဧည့်သည်များကို တင်ဆောင်ကာ နိုဝင်ဘာ ၂၅ ရက်တွင် ပေကျင်းဘူတာမှ ဖြည်းညင်းစွာ ထွက်ခွာသွားခဲ့သည်။ ယင်းသည် ပေကျင်းမှ ဦလန်ဘာတာကို ဖြတ်သန်း၍ Irkutsk မြို့သို့ သွားရောက်မည့် အမှတ် V3/4 တရုတ်–မွန်ဂိုလီးယား–ရုရှား အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထား တရားဝင် ပြေးဆွဲခြင်း စတင်ကြောင်း အမှတ်သင်္ကေတပင် ဖြစ်သည်။ ဤရထားခရီးစဉ်သည် စုစုပေါင်း ၂,၆၆၆ ကီလိုမီတာ ရှည်လျားပြီး အချိန် ၅၅ နာရီ ကြာမြင့်မည် ဖြစ်ကာ တရုတ်၊ မွန်ဂိုလီးယား၊ ရုရှား သုံးနိုင်ငံ၏ ပြည်သူများ ကူးလူးသွားလာမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ လူမှုယဉ်ကျေးမှု ဖလှယ်မှုတို့ကို တစ်ဆင့်တိုး တွန်းအားပေးမည် ဖြစ်သည်။ (Xinhua)
……………………………
(Chinese Version)
中蒙俄国际旅客列车在北京首发
新华社照片,北京,2026年11月25日
11月25日,V3/4次中蒙俄国际旅客列车搭载着第一批旅客从北京站缓缓驶出,标志着北京经乌兰巴托至伊尔库茨克的V3/4次中蒙俄国际旅客列车正式开行。列车全程2666公里,运行55小时,将进一步促进中蒙俄三国人员往来、经贸合作和人文交流。
图说1:11月25日,中蒙俄国际旅客列车驶离北京站。新华社记者 张晨霖 摄
图说2:11月25日,乘坐中蒙俄国际旅客列车出行的旅客登上列车。新华社记者 张晨霖 摄



