Xinhua Myanmar

ဇန်နဝါရီမှ အောက်တိုဘာအတွင်း ဟောင်ကောင်သို့ လာရောက်လည်ပတ်သူဦးရေ ၁၂ ရာခိုင်နှုန်း တိုးလာ

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဗစ်တိုးရီးယားတောင်ထိပ်ပေါ်တွင် ကေဘယ်လ်ကားစီးနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ပထမ ၁၀ လတာအတွင်း ဟောင်ကောင်သို့ လာရောက်လည်ပတ်သူ အရေအတွက်အနေဖြင့် ၄၆ သန်းနီးပါး ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလကထက် ၁၂ ရာခိုင်နှုန်း တိုးလာသည်ဟု ဟောင်ကောင် ခရီးသွားလာရေးဘုတ်အဖွဲ့က နိုဝင်ဘာ ၂၄ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်ပြည်မကြီးမှ ဟောင်ကောင်သို့လာရောက်လည်ပတ်သူ အရေအတွက်မှာ ၃၅.၈၇ သန်းဝန်းကျင် ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလကထက် ၁၄ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

အောက်တိုဘာလ တစ်လတည်း၌ပင် လာရောက်လည်ပတ်သူ အရေအတွက်အားဖြင့် ၁၂ ရာခိုင်နှုန်း တိုးလာပြီး ၅.၁၃ သန်းအထိ ရှိခဲ့သည်။ ယင်းသို့ တိုးလာရခြင်းမှာ ၇ ရက်ကြာ အမျိုးသားနေ့ အားလပ်ရက်နှင့် ဟောင်ကောင်တွင် ကျင်းပခဲ့သည့် အမျိုးမျိုးသော ပွဲလမ်းသဘင်ကြီးများကြောင့် ဖြစ်သည်။

နှစ်သစ်ကူးအကြိုပွဲတော်ကဲ့သို့ အခြားသော ပွဲလမ်းသဘင်များအတွက် ဟောင်ကောင်သို့ လာရောက်လည်ပတ်သူအမြောက်အမြား ဆက်လက်ဝင်ရောက်လာမည်ဟု မျှော်မှန်းရကြောင်း ဟောင်ကောင် ခရီးသွားလာရေးဘုတ်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

..........................................

(English Version)

Hong Kong's visitor arrivals up 12 pct in Jan.-Oct.

HONG KONG, Nov. 24 (Xinhua) -- Hong Kong saw nearly 46 million visitor arrivals in the first ten months of 2026, up 12 percent year on year, the Hong Kong Tourism Board said on Tuesday.

Chinese mainland visitors made around 35.87 million trips to Hong Kong, up 14 percent from the same period last year.

In October alone, visitor arrivals climbed 12 percent to 5.13 million, driven by the seven-day National Day holiday and diverse mega events held in Hong Kong.

The city expects continued influx of visitors coming for other festivities like the New Year countdown, said the Hong Kong Tourism Board. ■

Photo caption: Tourists take a cable car on top of the Victoria Peak, Hong Kong, south China, Feb. 19, 2026. (Xinhua/Chen Duo)

မူရင်းသတင်း — Xinhua Myanmar