ရန်ကုန် နိုဝင်ဘာ ၂၄
ရန်ကုန် တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၌ ပဉ္စမအကြိမ်မြောက် ရွှေကြာသင်္ကန်း ဆက်ကပ်ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) နံနက် ၅ နာရီက ကျင်းပသည်။
ထိုသို့ ရွှေကြာသင်္ကန်း ဆက်ကပ်ပူဇော်ပွဲကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌက ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်နှင့် အကျိုးများကို ရှင်းလင်းပြောကြားကာ အနံ ၅ ကိုက်ခွဲ x အလျား ၆ ကိုက် ခွဲရှိ ရွှေကြာသင်္ကန်းအထည် ၉၀ အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပင်မအလှူရှင်များက စေတီတော် အထက်ပစ္စယာ၊ အောက်ပစ္စယာ၊ ပန်းတင်ခုံများရှိ စေတီတော်များ၊ ပရိဝုဏ်အတွင်းရှိ အရံစေတီများ၊ မတ်ရပ် ရုပ်ပွားတော်များ၊ လျောင်းတော်မူ ရုပ်ပွားတော်များ၊ ထိုင်တော်မူရုပ်ပွားတော်များနှင့် မဟာဗောဓိညောင်ပင်ရှိ ဗုဒ္ဓရုပ်ပွားတော်များအပြင် သာသနဇောတိက ဓမ္မာရုံအတွင်းရှိ ရုပ်ပွားတော်များအား ရွှေကြာသင်္ကန်းများ ဆက်ကပ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
စုယဉ်ချစ်(ပြန်/ဆက်)