Myanmar Digital News

အမရပူရမြို့နယ်အတွင်းရှိ ဦးပိန်တံတားနှင့် ဘုရား‌စေတီပုထိုးများ၌ ဘုရားဖူး လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ

မန္တလေး နိုဝင်ဘာ ၂၄

 

တန်ဆောင်မုန်း လပြည့်နေ့ အခါသမယတွင် မန္တ‌လေးတိုင်းဒေသကြီး အမရပူရမြို့နယ် အတွင်းရှိ ဦးပိန်တံတားနှင့် အထင်ကရဘုရားစေတီပုထိုးများ၌ ယနေ့နံနက်ပိုင်းမှစတင်၍ ဘုရားဖူး လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။

 

ထို့ပြင် အမရပူရမြို့နယ် အတွင်းရှိ အထင်ကရဘုရားများ ဖြစ်သည့် ဝေရောစနကျောက်စိမ်း စေတီနှင့် စွယ်တော်မြတ်ဘုရား စေတီတို့တွင် ဘုရားဖူးလာပြည်သူများက ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း၊ ဓမ္မစကြာတရားများ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားထိုင်ခြင်း၊ ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူခြင်း၊ ရေသပ္ပာယ်ခြင်း၊ တံမြက်စည်းလှည်း ကုသိုလ်ယူခြင်း၊ ငှက်များအား ဘေးမဲ့လွှတ်ပေးခြင်း စသည့် ကောင်းမှုကုသိုလ်များကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ဇင်မင်းမောင်

မူရင်းသတင်း — Myanmar Digital News