ရန်ကုန် နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ ခုနှစ် တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ လေးရက်တိုင်တိုင် ကျင်းပလျက်ရှိရာ ပွဲတော်တတိယ နေ့ညပိုင်းတွင် ပြည်သူသိန်းနှင့်ချီ လာရောက်ပါဝင်ဆင်နွှဲကြသည်။
အဆိုပါပွဲတော်တွင် ပြည်သူများ စိတ်အပန်းပြေစေရန် နိုင်ငံကျော် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ တိုင်းရင်းသားရိုးရာအကအလှများ၊ ခေတ်ပေါ်ဒီဂျေ တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်သူသိန်းနှင့်ချီ အတူလိုက်ပါသီဆိုကခုန်ခြင်းများဖြင့် ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။ ထို့ပြင် ပွဲတော်လာရောက် လည်ပတ်ကြသူ ပြည်သူများ အလှဓာတ်ပုံများ ရိုက်ကူးနိုင်ရန်အတွက် အလှဆင်မီးများဖြင့် ပုံဖော်အလှဆင်ပေးထားရာ ပွဲတော်လာပြည်သူများ အလှဆင်မီးများဖြင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပွဲတော်လာ ပြည်သူများအား စတုဒိသာထမင်းနှင့် ဟင်းများကျွေးမွေးလှူဒါန်းခဲ့ကြသည်။
အဆိုပါပွဲတော်တွင် ပြည်သူများ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြသထားသည့် ပြခန်းများ၊ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ပြခန်းများအပြင် အခြေခံ စားသောက်ကုန်ပစ္စည်းများ ဖြစ်သည့် ဆန်နှင့်ဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ပြည်သူများ တစ်ခဲနက်ကြိတ်ကြိတ်တိုး ဝယ်ယူ အားပေးခဲ့ကြသည်။ ထို့ပြင် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၊ အလှကုန်ပစ္စည်း အရောင်းဆိုင်များနှင့် အစားအသောက်ရောင်းချသည့် ဈေးဆိုင်ခန်းများလည်း ဖွင့်လှစ် ရောင်းချပေးလျက်ရှိပြီး ဝယ်ယူအားပေးကြသူ ပြည်သူများဖြင့် ပွဲတော်တွင် အထူးပင်ကြိတ်ကြိတ်တိုး စည်ကားခဲ့ကြောင်းနှင့် ပွဲတော် တတိယနေ့ညတွင် မြတ်စွာဘုရားရှင်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မီးပုံးများ လွှတ်တင်ပူဇော်ခဲ့ကြသည်။
အဆိုပါ ပွဲတော်နောက်ဆုံးနေ့တွင် မြတ်စွာဘုရားရှင်အား မီးပုံးလွှတ်တင်ပူဇော်ခြင်းအပြင် မီးရှူးမီးပန်းများ ပစ်ဖောက်သွားမည်ဖြစ်ကြောင်းနှင့် ပွဲတော်လာ ပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန်အတွက် YBS ယာဉ်များဖြင့် ပွဲတော်ပြီးဆုံး ချိန်အထိ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)