Myanmar National Post

မဟာအောင်မြေမြို့နယ်တွင် ကလိုရင်းဆေးခပ်



‎‎မဟာအောင်မြေ ၊  နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်အတွင်း ပုံမှန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်နိုင်စေရန် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်များသို့ ကွင်းဆင်း၍ ရေလှောင်ကန်များကို ကလိုရင်းဆေးခပ်ပေးခြင်းများ၊ ရေသန့်ဆေးပြား ခပ်ပေးခြင်းများနှင့် ကျန်းမာရေးပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိုက်စိုးထွန်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်ဇော်အောင်နှင့်  ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝေဝေခိုင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ကလိုရင်းဆေးခပ်ပေးခြင်းများ၊ ရေသန့်ဆေးပြားခပ်ပေးခြင်းများနှင့်ကျန်းမာရေးပညာပေးခြင်းများကို မဟာအောင်မြေမြို့နယ်တွင်စုဖွဲ့၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

‎‎‎အောင်ဇော်မင်း

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post