Myanmar Digital News

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် နောင်တရားမြို့ မီးကြာဆံ လှည့်လည်ပူဇော်ပွဲနှင့် တန်ဆောင်တိုင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နောင်တရား နိုဝင်ဘာ ၂၅

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့၌ ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသည့် မီးကြာဆံလှည့်လည်ပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ ယမန်နေ့ ည ၈ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် တက်ရောက်ဖွင့်လှစ်သည်။

 

ဦးစွာ တန်ဆောင်တိုင်မီးထွန်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အဖွင့်အမှာစကားပြောကြားရာ ဘာသာရေးနှင့် ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများဖြစ်သည့် စုပေါင်းမဟာဘုံကထိန်ပွဲ၊ မီးကြာဆံလှည့်လည်ပူဇော်ပွဲကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက် သွားကြရန်နှင့် ဒေသတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အားလုံးစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အသီးသီးမှ မီးကြာဆံအဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက မီးပုံးငယ်များ လွှတ်တင် ပူဇော်ခဲ့ကြောင်း သိရသည်။

နောင်တရား(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News