ညောင်ဦး နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီပုထိုးများအား တန်ဆောင်မုန်းလပြည့် ည ၇ နာရီမှစတင်ကာ ရွှေစည်းခုံဘုရားကြီးနှင့် သမိုင်းအထင်ကရ ဘုရားများတွင် ဆီမီးပူဇော်ခဲ့ကြသည်။
ထိုသို့ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီ ပုထိုးများအား ဆီမီးပူဇော်ခဲ့ကြပြီး ဘုရားနီ၊ အင်ကြင်းဂူ၊ အလိုတော်ပြည့်၊ စိုးမင်းကြီး အုတ်ကျောင်း ပတ်ဝန်းကျင်ဘုရားများ၊ အပ္ပာယ်ရတနာပတ်ဝန်းကျင်ရှိ ဘုရားများ၊ ရွှေဆံတော်ပတ်ဝန်းကျင်ရှိဘုရားများ၊ အနော်ရထာလမ်းမကြီး ဘေးဘက်ဝဲ/ယာ ဘုရားများကို ထိခိုက်မှုမရှိစေဘဲ ဒေသခံများက ဆီမီးများ ပူဇော်ခဲ့ကြခြင်းဖြစ်သည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဂေါပကအဖွဲ့ရှိသော ဘုရား ၁၉ ဆူဖြစ်သည့် ရွှေစည်းခုံဘုရား၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ သဗ္ဗညု၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ မဟာဗောဓိ၊ ထီးလိုမင်းလို၊ လောကနန္ဒာ၊ ရွှေဆံတော်၊ ဓမ္မရာဇက၊ မနူဟာ၊ မြစေတီ၊ တုရင်တောင်၊ ငှက်ပစ်တောင်၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ပြဿဒ်ကြီးဘုရားများတွင်လည်း ဆီမီးပူဇော်ကြကြောင်း သိရသည်။
ဒီပါလင်း