သံဖြူဇရပ် နိုဝင်ဘာ ၂၅
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် တွင် (၇၄) ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲကို တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် (နိုဝင်ဘာ ၂၅ ရက်) နံနက် ၇ နာရီမှစတင်၍ လောင်းလှူခဲ့ကြသည်။
ထိုသို့ လောင်းလှူရာတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသီလာစာရ အမှူးရှိသည့် ဆရာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာန မြို့နယ်ဥပထမ္ဘကအဖွဲ့တို့က ဦးဆောင်၍ ဘုန်းကြီးကျောင်း ၁၄၃ ကျောင်းမှ ရဟန်း၊ သာမဏေ ၁၆၇၁ ပါးနှင့် သီလရှင်ကျောင်း ၂၉ ကျောင်းမှ သီလရှင် ၄၃၁ ပါးတို့အား စူကပရိယတ္တိ စာသင်တိုက် ရှေ့မှစတင်၍ ကြာကန်အုပ်ချုပ်ရေးမှူးရုံးဘေး ပဒုံမာလမ်းသို့ဝင်၍ မြသိမ်ကျောင်းဘေးမှ ပြန်ထွက်ကာ အောင်ဆန်းလမ်းမအတိုင်း အလှူခံကြွရောက်ပြီး မြို့လယ်ဇရပ်တွင် ကန်တော့ပွဲ၊ ပဒေသာပင်များနှင့် ဆွမ်းပွဲများကို မြို့နယ်အတွင်းရှိ အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)