ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ၊ ကံယုံ၍ ဆူးပုံမနင်းနှင့်၊ ကိုယ်ကကျူး ကိုယ့်ဒူးမှမယုံရ
လှသမိန်
မြန်မာတိုင်းရင်းသားတို့သည် စကားပြောဆိုရာတွင် အဓိပ္ပာယ်ပိုမိုလေးနက်စေရန်နှင့် ဆိုလိုရင်းကို တိတိကျကျ နားလည်စေရန် စကားပုံဥပမာများနှင့် တင်စားပြောတတ်ကြသည်။ စကားပုံများတွင်လည်း မြန်မာစကားပုံ၊ တိုင်းရင်းသားစကားပုံ စသည်ဖြင့် အမြောက်အမြားရှိရာတွင် စာဖတ်သူများ သိရှိစိမ့်သောငှာ ဆရာကြီးလှသမိန်၏ မြန်မာစကားပုံအဓိပ္ပာယ်နှင့် သုံးနည်းစာအုပ်မှ ကောင်းနိုးရာရာများကို ထုတ်နုတ်ဖော်ပြလိုက်ပါသည်။ (စာတည်း)
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
ကုသိုလ်လို၍ပြုလုပ်သော်လည်း အကုသိုလ်က အဆပေါင်းများစွာ ပို၍ရရှိနိုင်သည်ဟု ဆိုလိုသည်။ ကုသိုလ်လို၍ ဆွမ်းကျွေးရာ၌ ကြက်ဝက်တို့ကို သတ်ဖြတ်ပေးရန် ကြိုတင်မှာကြားခြင်း၊ မလောက်ငမည်ကို စိုး၍ပိတ်ပင်ဝန်တိုခြင်း၊ ကုန်ကျစရိတ်အတွက် သမ္မာအာဇီဝမဖြစ်သောနည်းဖြင့် စီးပွားရှာရခြင်း စသည်အားဖြင့် မကောင်းမှုများကို အဆများစွာ ပိုမိုကျူးလွန်မိတတ်သဖြင့် ကုသိုလ်နည်းပြီး ငရဲက အဆများသည်ကို ပုံခိုင်း၍ဆိုသည်။
တစ်ပိဿာလျှင် ကျပ်တစ်ရာရှိသဖြင့် ဆယ်လီမူးနှင့် ပဲနှစ်ထောင်၊ ကျပ်သုံးပဲနှင့် တစ်ထောင့်ခြောက်ရာ၊ တစ်ဆနှင့် တစ်ထောင့်ခြောက်ရာမှ နှစ်ထောင်အထိ အချိုးအဆ ကွာခြားပုံကိုတင်စား၍ ဆိုသည်။
အကျိုးနည်း၍ အပြစ်များခြင်း၊ အမြတ်နည်း၍ အရှုံးများခြင်းစသည်တို့၌လည်း တင်စား၍သုံးနိုင်သည်။
(နီးစပ်သောစကားပုံများ)
ဖွတ်မရ၊ ဓားမဆုံးသည်၊
အသားကတစ်ချိုး၊ အရိုးကခွက်တစ်ဆယ်။
ကံယုံ၍ ဆူးပုံမနင်းနှင့်
ဖြစ်လာမည့်အကျိုးအပြစ်ကို ရှောင်လွှဲ၍မရ၊ အကြောင်းပြုသလို အကျိုးဖြစ်ပေါ်ရမည်။ အကြောင်းကြောင့်ဖြစ်သော အပြစ်ကို မည်သည့် နည်းနှင့်မျှ ရှောင်လွှဲ၍မရဟူ၍ ဆိုလိုသည်။
မိမိကိုယ်အား ကံအလွန်ကောင်းလှသည်ဟု ယုံကြည်ရင်းရှိစေကာမူ ဆူးပုံကိုနင်းလျှင် စူးမည်သာဖြစ်သည်။ ကံကောင်း၍ ဆူးကိုနင်းသော်လည်း မစူးဟူ၍မရှိ၊ ဆူးမည်သည်မှာ မိမိလောက် မာကျောသိပ်သည်းမှုမရှိသောအရာကို ဖိနှိပ်သောအားနှင့် အချိုးအစားညီမျှစွာ စူးဝင်ထိုးဖောက်မည်မှာ နိယာမတရားသာလျှင်ဖြစ်သည်။ ထို့ကြောင့် အကြောင်းနှင့်အကျိုး၊ အပြုနှင့်အဖြစ် ဆက်သွယ်သော ဟေတုပစ္စည်း၊ ကြောင်းကျိုးဆက်စပ်မှု နိယာမတရားကို မည်သည့်နည်းနှင့်မျှ ရှောင်လွှဲ၍မရ။ ကံကိုယုံကိုးနေ၍ နိယာမသဘောမှ လွတ်ကင်းနိုင်ခြင်းမရှိ၊ ဝီရိယအစွမ်းဖြင့်၊ ဉာဏ်အစွမ်းဖြင့် ဆူးကို ရှောင်၍ နင်းလျှင်သော်လည်းကောင်း၊ မစူးမဖောက်နိုင်သော အကာအကွယ်ပစ္စည်းဝတ်ဆင်၍ နင်းလျှင်သော်လည်းကောင်း စူးခြင်းမှ ကင်းလွတ်ပေလိမ့်မည်။
ကံကိုချည်းယိုးမယ်ဖွဲ့ ယုံကြည်စွဲလမ်းလွန်းကာ ဖြစ်လာမည့်ကိစ္စကို မဖြစ်တန်ရာဟူ၍ အထင်သေးပေါ့ဆစွာ သဘောမထားရာ။ အကျိုးအပြစ်သည် ပြုလုပ်သောအကြောင်းအားလျော်စွာ ဖြစ်ပျက်မည်ဟူ၍ ကံယုံတတ်သူများအား သတိပေး ပုံခိုင်းသောစကားဖြစ်သည်။
(နီးစပ်သောစကားပုံများ)
ကံမရှိ ဉာဏ်ရှိတိုင်းမွဲ။
ကိုယ်ကကျူး ကိုယ့်ဒူးမှမယုံရ
မိမိကိုယ်တိုင်ကလွဲလျှင် အခြားသူကိုမပြောထားဘိ။ မိမိ၏ဒူးကိုသော်မျှပင်လျှင် ယုံကြည်စိတ်ချ၍ မရနိုင်ဟုဆိုသည်။
သူတစ်ပါးကို ယုံကြည်စိတ်ချမိမှား၍ နစ်နာဆုံးရှုံးမှုများဖြစ်လေ့ဖြစ်ထရှိပေသည်။ ထို့ကြောင့် လောက၌ စိတ်သီးခြား၊ ကိုယ်သီးခြားရှိနေသော အခြားသူများကို ယုံကြည်စိတ်ချဖို့ရန်မှာ များစွာ ခဲယဉ်းလှသည်ဟု ပညာရှိတို့က သတိပေးလေသည်။ လောက၌ ယုံကြည်စိတ်ချရမည့် တစ်ပါးသူမရှိ ကြောင်းကို မဟော်သဓာဇာတ်တော်၌လည်း လျှို့ဝှက်ချက်ကို မည်သူ့အားမျှ မပြောကြားသင့်ကြောင်း အဆိုအရေးသာပုံကို ဝတ္ထုသက်သေဖြင့် တင်ပြထားသည်။ ထို့ကြောင့် တခြားသူတစ်ပါးကို မဆိုထားနှင့်။ မိမိကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်သော ဒူးကိုမျှပင် စိတ်ချယုံကြည်နိုင်ဖွယ်မရှိဟုဆိုသည်။
လူသည် မသွားတော့ဟု ဆုံးဖြတ်ထားသည့်နေရာသို့ အမှတ်မထင် သွားမိတတ်သည်။ ထိုသို့ ဖြစ်ခြင်းမှာ ဒူးကိုစိတ်မချရခြင်းပင်ဖြစ်သည်။ ဒူးမနာနိုင်ဟုမှတ်ယူနေသော်လည်း ဒူလာရောဂါကြောင့် အမှတ်မထင်သောအခါ၌ နာကျင်ကိုက်ခဲ၍ လာတတ်၏။ သွေးသား ၃၂ ကောဋ္ဌာသနှင့် ဓာတ်လေးပါး၏ ဖောက်ပြန်ပြောင်းလဲမှုကို လူသည်ပြုပြင်ဖန်တီး၍ အလုံးစုံရမြဲမဟုတ်ပေရာ ဒူးသည် အကြောင်းအဘက်ဘက်၌ စိတ်မချရသော မိမိကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် မိမိဒူးကိုမျှ မိမိမပိုင်နိုင်အစိုးမရလျှင် သူတစ်ပါးကို မိမိဆန္ဒအတိုင်းဖြစ်မည်ဟု ယုံကြည်စိတ်ချဖို့ရန် မဖြစ်နိုင်ကြောင်း ထင်ရှားစေသည်။
(နီးစပ်သောစကားပုံများ)
လူရိုး သင်္ချိုင်းမှာသာရှိသည်။
ကျွန်ယုံတစ်ဖက်ကန်း သားသမီးယုံစုံလုံးကန်း။