Myanmar Digital News

ရေးမြို့ သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး၌ ဆီမီး ၂၅၇၀ ထွန်းညှိပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရေး နိုဝင်ဘာ ၂၅

 

တန်ဆောင်မုန်း လပြည့်နေ့တွင် မွန်ပြည်နယ် ရေးမြို့ ကျက်သရေဆောင် သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ သာသနာနှစ် ၂၅၇၀ ပြည့်နှစ်ကို ရည်မှန်း၍ ဆီမီး ၂၅၇၀ ထွန်းညှိ ပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို နိုဝင်ဘာ ၂၄ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဦးစွာ ရေးမြို့နယ် မရမ်းကျောင်းတိုက်မှ မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအရှင်ပညာ ဇောတက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပေးပြီး ပန်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ်လှူဒါန်းသည့် ဂါထာတော်ကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က ဦးဆောင်ရွတ်ဖတ်ပူဇော်ပေးပြီး ခရိုင်အုပ်ချုပ်ရေးမှူးက နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကောင်းမှုအစုစုအတွက် မေတ္တာပို့ အမျှပေးဝေသည်။

 

ကျင်းပ

ထို့နောက် တာဝန်ရှိသူများသည် စေတီတော်ရင်ပြင်အတွင်း ဆီမီး ၂၅၇၀ ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ နိဗ္ဗာန်ဈေး ပွဲတော်စတုဒိသာဧည့်ခံကျွေးမွေးခြင်းနှင့် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ခြင်းတို့ကို ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှင်းသန့်ဖြူ

မူရင်းသတင်း — Myanmar Digital News