Myanmar Digital News

ရန်ကုန်မြို့၌ကျင်းပသည့် တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ နောက်ဆုံးရက် ညပိုင်းတွင် ပွဲတော်လာပြည်သူများဖြင့် စည်ကား

ရန်ကုန် နိုဝင်ဘာ ၂၅

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့၌ကျင်းပသည့် တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ နောက်ဆုံးရက် ယမန်နေ့ ညပိုင်းတွင် ပွဲတော်လာ ပြည်သူများဖြင့် စည်ကားခဲ့သည်။

 

ကြည့်ရှုအားပေး

ထိုသို့ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပွဲတော်ပါဝင်ဆင်နွှဲနေမှုကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက သွားရောက် ကြည့်ရှုအားပေးကြသည်။

 

အဆိုပါ MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော်တေးသံရှင်များ ဖြစ်သည့် စိန်ဝင်းထွန်း၊ ဂျက်မြသောင်း၊ ခင်မောင်ထူး၊ ချစ်ကောင်း၊ ဂရေဟန်၊ ခန့်စည်သူ၊ ရာဝန၊ Jenny၊ ကေကေမိုး စသည့်တေးသံရှင်များနှင့် မျက်လှည့်ပညာရှင် စိုးကြီးတို့က ဖျော်ဖြေတင်ဆက်ကြပြီး ဖျော်ဖြေတင်ဆက်သူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

 

အဆိုပါ ဈေးရောင်းပွဲတော်ကို လေးရက်တိုင်တိုင် ကျင်းပခဲ့​ပြီး ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/အပို့ယာဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News