NP News

ART ဆေးဝါးများ ပြတ်လပ်ခြင်းမရှိစေရန် ဆောင်ရွက်ထားဟုဆို

စော(NP News)-နိုဝင်ဘာ ၂၆

နိုင်ငံတော်က ART ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိပြီး ART သောက်သုံးလျက်ရှိသော လူနာများအတွက် ဆေးဝါးများ ပြတ်လပ်ခြင်းမရှိအောင် ဆောင်ရွက်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက နေပြည်တော်၌ ယမန်နေ့ (နိုဝင်ဘာ ၂၅ ရက်)က ကျင်းပသည့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၆-၂၀၃၀) အသိပေးမိတ်ဆက်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်းများကို ငါးနှစ်တစ်ကြိမ်ရေးဆွဲပြီး HIV/AIDS ရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ HIV/AIDS ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အဓိကရည်မှန်းချက်များအဖြစ် HIV ပိုးကူးစက်ခံရသူများ၏ (၉၅) ရာခိုင်နှုန်းသည် ရောဂါပိုးရှိနေကြောင်း သိရှိရန် ရည်ရွယ်ကြောင်း သိရသည်။

HIV ပိုးရှိကြောင်း စစ်ဆေးသိရှိထားသူများ၏ (၉၅) ရာခိုင်နှုန်းသည် ART ဆေးကုသမှုရရှိရန်၊ ART ဆေးသောက်သုံးနေသူများ၏ (၉၅) ရာခိုင်နှုန်းသည် ပိုးကောင်ရေထိန်းချုပ်မှုရရှိရန်နှင့် မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီနှင့် ဆစ်ဖလစ်ပိုးကူးစက်မှုကင်းဝေးရန် သတ်မှတ်ထားကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၆-၂၀၃၀) ၏ အဓိကမျှော်မှန်းချက်သည် (၂၀၃၀) ပြည့်နှစ်တွင် AIDS ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ အဆုံးသတ်နိုင်ရေးဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ယင်းမျှော်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် အဓိကကဏ္ဍခြောက်ရပ်ဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

zawgyi version

ART ေဆးဝါးမ်ား ျပတ္လပ္ျခင္းမရွိေစရန္ ေဆာင္႐ြက္ထားဟုဆို

ေစာ(NP News)-ႏိုဝင္ဘာ ၂၆

ႏိုင္ငံေတာ္က ART ေဆးႏွင့္ ေဆးပစၥည္းမ်ားဝယ္ယူရန္ ႏွစ္စဥ္ဘ႑ာေငြမ်ား တိုးျမႇင့္ခ်ထားေပးလ်က္ရွိၿပီး ART ေသာက္သုံးလ်က္ရွိေသာ လူနာမ်ားအတြက္ ေဆးဝါးမ်ား ျပတ္လပ္ျခင္းမရွိေအာင္ ေဆာင္႐ြက္ထားေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာစိုးဝင္းက ေနျပည္ေတာ္၌ ယမန္ေန႔ (ႏိုဝင္ဘာ ၂၅ ရက္)က က်င္းပသည့္ ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါဆိုင္ရာ အမ်ိဳးသားမဟာဗ်ဴဟာစီမံကိန္း (၂၀၂၆-၂၀၃၀) အသိေပးမိတ္ဆက္ျခင္း အခမ္းအနားတြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ခုခံအားက်ဆင္းမႈကူးစက္ေရာဂါဆိုင္ရာ အမ်ိဳးသားမဟာဗ်ဴဟာစီမံကိန္းမ်ားကို ငါးႏွစ္တစ္ႀကိမ္ေရးဆြဲၿပီး HIV/AIDS ေရာဂါကာကြယ္ကုသေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ HIV/AIDS ေရာဂါတိုက္ဖ်က္ေရးဆိုင္ရာ အဓိကရည္မွန္းခ်က္မ်ားအျဖစ္ HIV ပိုးကူးစက္ခံရသူမ်ား၏ (၉၅) ရာခိုင္ႏႈန္းသည္ ေရာဂါပိုးရွိေနေၾကာင္း သိရွိရန္ ရည္႐ြယ္ေၾကာင္း သိရသည္။
HIV ပိုးရွိေၾကာင္း စစ္ေဆးသိရွိထားသူမ်ား၏ (၉၅) ရာခိုင္ႏႈန္းသည္ ART ေဆးကုသမႈရရွိရန္၊ ART ေဆးေသာက္သုံးေနသူမ်ား၏ (၉၅) ရာခိုင္ႏႈန္းသည္ ပိုးေကာင္ေရထိန္းခ်ဳပ္မႈရရွိရန္ႏွင့္ မိခင္မွကေလးသို႔ အိပ္ခ်္အိုင္ဗြီႏွင့္ ဆစ္ဖလစ္ပိုးကူးစက္မႈကင္းေဝးရန္ သတ္မွတ္ထားေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါဆိုင္ရာ အမ်ိဳးသားမဟာဗ်ဴဟာစီမံကိန္း (၂၀၂၆-၂၀၃၀) ၏ အဓိကေမွ်ာ္မွန္းခ်က္သည္ (၂၀၃၀) ျပည့္ႏွစ္တြင္ AIDS ေရာဂါကို ျပည္သူ႔က်န္းမာေရးျပႆနာအျဖစ္မွ အဆုံးသတ္ႏိုင္ေရးျဖစ္ၿပီး က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ယင္းေမွ်ာ္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ရာတြင္ အဓိကက႑ေျခာက္ရပ္ျဖင့္ လုပ္ငန္းမ်ားအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

မူရင်းသတင်း — NP News