
ပုလဲ (NP News) - နိုဝင်ဘာ ၂၆
အမှတ်(၁) သတ္တုတွင်းလုပ်ငန်းမှ ခဲသတ္တုရိုင်း ၊ သံနှင့်မဂ္ဂနီး(စ်) ဒိုင်အောက်ဆိုဒ်ပါ သတ္တု နှင့် သံသတ္တု တို့ကို အိတ်ဖွင့်တင်ဒါခေါ်ယူ ရောင်းချမည်ဖြစ်ကြောင်း အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ တင်ဒါကော်မတီက အသိပေးထားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းမှ ခဲသတ္တုရိုင်း (၂၁,၃၅၀) မက်ထရစ်တန် (ဘော်ဆိုင်း) နှင့် ခဲသတ္တုရိုင်း (၁ ဒသမ ဝဝ) မက်ထရစ်တန် (ရန်ကုန်ရုံးခွဲ) ၊ သံနှင့်မဂ္ဂနီး(စ်) ဒိုင်အောက်ဆိုဒ်ပါ သတ္တု (၇ ဒသမ ၆၂) မက်ထရစ်တန် (ရန်ကုန်ရုံးခွဲ) တို့ ကို အိတ်ဖွင့်တင်ဒါခေါ်ယူ ရောင်းချမည် ဖြစ် ကြောင်း သိရသည်။
ထို့တူ သံသတ္တု (ဝ ဒသမ ၈၃) မက်ထရစ်တန် (ရန်ကုန်ရုံးခွဲ) နှင့် သံသတ္တု (ဝ ဒသမ ၅ဝ) မက်ထရစ်တန် (ရန်ကုန်ရုံးခွဲ) တို့ကိုလည်း အိတ်ဖွင့်တင်ဒါခေါ်ယူ ရောင်းချမည် ဖြစ် ကြောင်း သိရသည်။
အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံများကို နိုဝင်ဘာ (၂၆ ) ရက် မှ ဒီဇင်ဘာ (၉ )ရက်အထိ ရောင်းချသွားမည်ဖြစ်ကာ ဒီဇင်ဘာ (၁၀)ရက်တွင် တင်ဒါပိတ်၍ ယင်းရက်တွင် အိတ်ဖွင့်တင်ဒါများ ဖွင့်ဖောက်မည် ဖြစ်ကြောင်း သိရသည်။
တင်ဒါပုံစံများနှင့်အသေးစိတ်သိရှိလိုသော အချက်အလက်များကို နေပြည်တော်၊ ရုံးအမှတ် (၁၉)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဝယ်ယူရေးနှင့်ထောက်ပံ့ရေးဌာနခွဲ၊ ဖုန်း - ၀၆၇ -၃၄၀၉၁၆၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းရယူနိုင်ကြောင်း အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ တင်ဒါကော်မတီက အသိပေးထားသည်။

zawgyi version